နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုးချဲ့စိုက်ပျိုးဝင်ငွေတိုး

နိုင်ငံတော်သည် စိုက်ပျိုးရေးကို အထူးအလေးထားအားပေး နေခြင်းကြောင့် တိုးတက်ကောင်းမွန်လာသည်။ မြန်မာနိုင်ငံသည် ဆန်စပါးအဓိကစိုက်ပျိုးသည့်နိုင်ငံဖြစ်၏။ မိုးစပါးတစ်သီးစားမှ နွေစပါးကို ကျယ်ပြန့်စွာစိုက်ပျိုးလာ၏။ ထို့အပြင် ဆီထွက်သီးနှံ၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲ အမျိုးမျိုးစိုက်ပျိုးလာကြသည်။ အထူး သဖြင့် ရေကောင်းမြေကောင်းသည့်နေရာများတွင် စိုက်ပျိုးရေး နည်းပညာဖြန့်ဖြူးပေးခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။


တောင်သူများ လက်တွေ့အကောင်အထည်ဖော်ပြီး အကျိုး ကျေးဇူးများရရှိရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ သိပ္ပံ နည်းကျစိုက်ပျိုးရေးနည်းစနစ်များကို တောင်သူပညာပေးစိုက် ကွင်းများတွင် စိုက်ပျိုးလျက်ရှိသည်။ 


ကမ္ဘာမှာ လူဦးရေသန်း ၇၀၀၀ ခန့်ရှိပြီး စားရေ ရိက္ခာလိုအပ် ချက်ဟာ မြင့်မားနေဆဲဖြစ်ပါတယ်။ အခုလို ကမ္ဘာ့ကပ်ရောဂါ ကာလမှာလည်း အခြားဝန်ဆောင်မှုလုပ်ငန်းတွေကို လျှော့ချနိုင် ပေမယ့် စားသောက်ရေးကိစ္စတွေကရှိ၊ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒါကို   ကျွန်တော်တို့အနေနဲ့  အသုံးချနိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေရတဲ့   ကျေးလက်နေ ပြည်သူလူထု ၇၀ ရာခိုင်နှုန်းကျော်ရှိတဲ့နိုင်ငံပဲဖြစ်ပါတယ်။


 စိုက်ပျိုးရေးအဓိကတားတဲ့အတွက် စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်ကလည်း သေချာဖို့လိုပါတယ်။  နယ်စပ်ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ရောင်းမရတာ များဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများ နှစ်စဉ်နီးပါးကြုံကြရပါတယ်။ ဒါကြောင့် ခေတ်မီသိုလှောင်ရေးစနစ်တန်ဖိုးမြင့် ထုတ်လုပ်ရေး စနစ်များကြိုးစားလုပ်ဆောင်ရပါမယ်။ တောင်သူတွေ စိုက်ပျိုး ရေးထုတ်ကုန်၊  မွေးမြူရေးထုတ်ကုန်များအတွက် အရှုံးမပေါ် ရလေအောင်ကြိုးစားဆောင်ရွက်ရပါမယ်ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ၆ လပြည့်နိုင်ငံတော်တာဝန်ထမ်းဆောင် ခဲ့သည့် ၂၀၂၁ ခုနှစ်၊  ဩဂုတ်လ ၁ ရက်တွင်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။


ပြည်တွင်းစားသုံးမှုပိုလျှံသောသီးနှံအမယ်များကို ပြည်ပ ဈေးကွက်လိုအပ်ချက်အရည်အသွေးနှင့်   ထုတ်လုပ်မှုအရေ အတွက်၊ အချိန်ကိုက်စိုက်ပျိုးထုတ်လုပ်သောစိုက်ကွင်းများ စံနမူ နာပြအကောင်အထည်ဖော်ကြရမည်ဖြစ်သကဲ့သို့ မိသားစုဝင်ငွေ တိုးပွားစေရေးအတွက်    ရာသီ သီးနှံများကို    တစ်နှစ်ပတ်လုံး     ကြိုးပမ်းစိုက်ပျိုးကြစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ