နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးလိပ်နှင့် ကျန်းမာရေး သတိပြုလိုက်နာ

ဆေးလိပ်အန္တရာယ်သည် သောက်သုံးသူကိုသာမက အနီး ပတ်ဝန်းကျင်နေသူများကိုပါ အန္တရာယ်ပြုနိုင်ပါသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကလည်း ဆေးလိပ်မသောက်သူများသည် တစ်ဆင့် မီးခိုးရှုရှိုက်မိပြီး ရောဂါဖြစ်ပွားလျက်ရှိကြောင်း သတိ ပေးကြေညာချက်များ ထုတ်ပြန်ထားသည်။


ယခုအချိန်တွင် ကိုဗစ်ဖြစ်ပွားမှုကြောင့် သေဆုံးမှုဖြစ်ပွားရာ၌ အများစုသည် အဆုတ်ပျက်စီးမှုကြောင့်ဖြစ်ကြောင်း၊ အဆုတ်၊ နှလုံး၊ သွေးတိုးရောဂါရှိသူများ သေဆုံးမှုများကြောင်း၊ ဆေးလိပ် သောက်သုံးမှုများမပြုလုပ်ရန်အတွက် မိမိအနေဖြင့် အမြဲတိုက် တွန်းပြောကြားလျက်ရှိကြောင်း၊ လူငယ်လူရွယ်များနှင့် လူကြီး ပိုင်းအထိ ဆေးလိပ်သောက်သုံးမှုများမပြုလုပ်စေရေး ပညာပေး မှုများပြုလုပ်ရန်လိုကြောင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ တွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။


ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးလိပ်သောက်သုံးခွင့် မရှိသော နေရာများကို ထုတ်ပြန်ကြေညာထားသည်။ ဆေးလိပ် သောက်သုံးခွင့်မရှိသောနေရာများသည်  ဆေးရုံအဆောက်  အအုံနှင့် ပတ်ဝန်းကျင်၊  ဆေးကုသဂေဟာနှင့် ဆေးခန်းများ၊ ကလေးကစားကွင်းများ၊ အားကစားကွင်းနှင့်အားကစား ရုံများ၊ တက္ကသိုလ်ကောလိပ်၊ စာသင်ခန်းများ၊ စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်နေရာများ၊ ရုပ်ရှင်ရုံများ၊ ဇာတ်ရုံ၊ ဈေးဝယ်စင်တာ များ၊ ဈေးရုံများ၊အများပြည်သူသုံးစာကြည့်တိုက်များ၊ မော်တော် ယာဉ်နှင့်လေယာဉ်များ၊ လေအေးပေးစက်တပ်ဆင်ထားသော ခန်းမများ ပါဝင်သည်။


သို့အတွက် ဆေးလိပ်သောက်သုံးသူများအနေဖြင့် အများနှင့် သက်ဆိုင်သောနေရာများ၌ ဆေးလိပ်သောက်သုံးခြင်းကို သတိပြု ရှောင်ကြဉ်ရန် လိုအပ်ပေသည်။ အကောင်းဆုံးမှာ ဆေးလိပ်ကို မဖြစ်မနေသောက်တတ်သူများအနေဖြင့် မိမိဆန္ဒကြောင့် အခြား သူများအား အန္တရာယ်မဖြစ်စေရန် ကန့်သတ်တားမြစ်ထားသော နေရာများ၌ မသောက်သုံးမိဖို့ရန်လိုအပ်ပေသည်။


နှစ်စဉ်ဆေးလိပ်မီးခိုးအန္တရာယ်ကြောင့် ရောဂါဖြစ်ပွားသူ အများအပြားရှိပါသည်။ အထူးသဖြင့်ကလေးများနှင့် ကိုယ်ဝန် ဆောင်မိခင်များသည် ဆေးလိပ်မီးခိုးအန္တရာယ်ကို ခံစားနေကြရ ပါသည်။ ဆေးလိပ်မီးခိုးအတွင်း လူကိုဘေးဖြစ်စေနိုင်သည့် ဒြပ် ပစ္စည်းအမြောက်အမြား ပါဝင်လျက်ရှိပါသည်။ ဆေးလိပ်မီးခိုး ရှုရှိုက်မိပါက ရေရှည်တွင် ရောဂါတစ်ခုခု ခံစားရနိုင်သည်။


သို့ဖြစ်ရာဆေးလိပ်သောက်သုံးခြင်းအား  ဆင်ခြင်လိုက်နာ ခြင်းဖြင့် မိမိကျန်းမာရေးကို မြှင့်တင်ရာရောက်သည့်အတွက် ရောဂါဘယဘေးမှ ကင်းဝေးစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ