နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စနစ်တကျအမှိုက်စွန့်စေချင်

ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေခြင်းဖြင့်  စိတ်ရော ကိုယ်ပါကြည်လင်လန်းဆန်းကာ နေကောင်းထိုင်သာရှိသည် သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုစေသည့်အသိ ကို လူတိုင်းဂရုပြုကြမှာ အမှန်ပင်ဖြစ်သည်။


သို့ဖြစ်ရာ စိတ်ကြည်လင်လန်းဆန်းစွာနေထိုင်ရသော ပတ်ဝန်းကျင်ကိုရရှိရန် မိမိတို့သည် အမှိုက်ကိုစနစ်တကျ စွန့်ပစ်သည့်အလေ့အကျင့်ကို      ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် အမှိုက် သရိုက်ကင်းစင်သန့်ရှင်းမှုရှိခြင်းနှင့် အမှိုက်သရိုက်များဖြင့် ပြည့်နှက်ရှုပ်ထွေးနေခြင်းဟူသည့်  အနေအထားနှစ်မျိုး၏ ခံစားမှုချင်း အလွန်ကွဲပြားခြားနားသည်ဆိုသည်ကို လူတိုင်း သိရှိကြမည်ဖြစ်ပါသည်။


မီးဖိုဆောင်ထွက် အမှိုက်သရိုက်များကို သတ်မှတ်အမှိုက် ကန်အမှိုက်ပုံရန်နေရာတွင် သတ်မှတ်အချိန်အတွင်း၌သာ စွန့်ပစ်ရန်လိုအပ်ပေသည်။ လမ်းသွားလမ်းလာများခရီးသည် များသည် အမှိုက်များကို အလွယ်တကူမစွန့်ပစ်ဘဲ လမ်းရှိ အမှိုက်ပုံးနေရာရောက်မှ စွန့်ပစ်ရပေသည်။ 


လမ်းသွားလမ်းလာများအတွက်ချထားသော အမှိုက်ပုံး များတွင် ညစ်ညမ်းမှုဖြစ်စေသော အမှိုက်များစွန့်ပစ်ခြင်း၊ ကွမ်းတံတွေးများထွေးခြင်း၊ နှပ်ညှစ်ခြင်း၊ သလိပ်တံတွေး၊ အန်ဖတ်အရည်များ စွန့်ပစ်ရမည်ဖြစ်သည်။ အများသုံးစင်္ကြံ၊ လူသွားလမ်းများတွင် အမှိုက်နှင့်စက်ဆုပ်ဖွယ်ရာများ ချမထား ရန်နှင့်သတ်မှတ်စွန့်ပစ်နေရာမှအပ နောက်ဖေးလမ်းကြား၊  မြေလွတ်၊ မြေလပ်နှင့်ရေမြောင်းများတွင် စွန့်ပစ်ခြင်းမပြုရန် ဆင်ခြင်ရမည်။ 


စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းမှ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ရည်များကို ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်း နှင့် မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းမပြုရန် လိုအပ်သကဲ့သို့ ယာဉ်များပေါ်မှ လမ်းပေါ်သို့ စည်းကမ်းမဲ့အမှိုက်များစွန့်မပစ် ရန်လည်း ထိန်းသိမ်းရမည်။ 


မြို့နယ်အချို့နှင့် ရပ်ကွက်အချို့တွင် ပရဟိတစိတ်ဓာတ် ဖြင့် ရပ်ရွာအကျိုးသယ်ပိုးကာ ရပ်ရွာသန့်ရှင်းရေးကို အထောက် အပံ့ဖြစ်စေသည့် အမှိုက်အိတ်၊ အမှိုက်ထုပ်များကို အသင်းပိုင် တွန်းလှည်းများဖြင့်  သတ်မှတ်အမှိုက်ကန်သို့ သွားရောက် စွန့်ပေးသည်ကို တွေ့မြင်နေရသည်။


အမှိုက်နှင့်ပတ်သက်သည့်အခါအားလျော်စွာ သတိပေး ချက်များကို မြို့ပြနေပြည်သူများ လေးစားလိုက်နာဆင်ခြင် သင့်ပါကြောင်း ။     ။






အခြားဆက်စပ်သတင်းများ