နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ဃန်းကျွန်းမြန်မာစီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

ရန်ကုန်  ဇူလိုင်  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြန်မာ့ စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း များ၏ ပင်စင်လစာငွေများကို ဇူလိုင် ၂၆ ရက်မှစတင်၍ ပုံမှန်အတိုင်း ထုတ် ပေးလျက်ရှိကြောင်း သိရသည်။


ပင်စင်လစာများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် အငြိမ်းစားဝန်ထမ်းများ အဆင်ပြေစွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွား ရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


အငြိမ်းစားဝန်ထမ်းများကို ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်အထိ နံနက် ၈ နာရီ မှ မွန်းလွဲ ၂ နာရီအထိ တိုကင်စနစ်ဖြင့် ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာ ရောက် ထုတ်ယူရန် အခက်အခဲရှိသူ များကို ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ် ပေးလျက်ရှိကြောင်း သင်္ဃန်းကျွန်း မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ