နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်မြတ်သည့် စိတ်ထားဖြင့် လုပ်ဆောင်

လူတို့၏အတွင်းအဇ္ဇျတသဘောမှာ မကောင်းမှုတွင်ပျော်မွေ့ တတ်သည့် သဘောရှိပေသည်။ အပျော်ကြူး၍ စိတ်အလိုလိုက်မှု များနှင့် စည်းကမ်းလိုက်နာမှု အားနည်းမှုများရှိခဲ့ပေသည်။ လောကတစ်ခွင်  ထာဝရငြိမ်းချမ်းသာယာစေချင်သည်မှာ လူတိုင်း၏ အလိုဆန္ဒဖြစ်ပေသည်။ အကျည်းတန်အရုပ်ဆိုးသည့် ပတ်ဝန်းကျင်၊ မနှစ်မြို့ဖွယ်ရာရပ်ဝန်းတို့ကို မည်သူမျှအလိုရှိမည် မဟုတ်ချေ။ အားလုံးမှာ အေးချမ်းစွာနေထိုင်ချင်သဖြင့် မကောင်းမှု ကို တွန်းပို့တတ်သည့်အရာမှန်သမျှကို သတိပြုကြရမည်ဖြစ်သည်။


ပြည်သူလူထုအကျိုး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝတို့ကို ကူညီဖော်ဆောင်ပေးကြရာတွင် အပြုသဘောဆောင်၊ အကောင်း မြင်စိတ်ထားကာ စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက်ပေးခြင်း သည် မွန်မြတ်သည့်လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ရပ်ရွာဒေသများ အေးချမ်းသာယာစေရန်၊ ပြည်သူများဘဝ လုံခြုံမှုရှိစေရန်မှာ တရားဥပဒေစိုးမိုးမှုသည် အဓိကဖြစ်သည်။


တရားဥပဒေစိုးမိုးရေး၏ အဓိကအကြောင်းခြင်းရာများမှာ ရပ်ရွာနေပြည်သူများဘဝ ငြိမ်းချမ်းသာယာစေရန်၊ ရောင်းဝယ် ဖောက်ကား စီးပွားကုန်သွယ်မှုကိုအဆင်ပြေချောမွေ့စေရန်၊ လူမှုရေးပြဿနာများကို တရားဥပဒေဖြင့် တရားမျှတစွာ ဆုံးဖြတ် ဖြေရှင်းပေးနိုင်ရန်၊ လူအချင်းချင်းဖြစ်သည့် ပဋိပက္ခများကို ရန်တုံ့ပြန်ခြင်းမပြုဘဲ တရားဥပဒေဖြင့် ဖြေရှင်းပေးနိုင်ရန်၊ သွေးထွက်သံယိုဖြစ်ပွားမှုများ၊ မင်းမဲ့စရိုက်အခြေအနေဖြစ်ပေါ်နေ မှုကို တရားဥပဒေအရ တားမြစ်ဟန့်တားနိုင်ရန်၊ စီးပွားကုန်သွယ်မှု တို့ ချောမွေ့စေရေးအတွက် လိုအပ်သောဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများကို ချမှတ်ဆောင်ရွက်ပေးပြီး ပဋိညာဉ်များကို လေးစားကြစေရန်ဖြစ်သည်။


ရပ်ရွာအေးချမ်းသာယာပြီး ရောင်းဝယ်ဖောက်ကားမှုများ အဆင်ပြေချောမွေ့ကာ ရပ်ရွာနေပြည်သူများ၏ လူမှုဘဝများ လုံခြုံတည်ငြိမ်ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်သည်။ 

လက်ရှိအခြေအနေတွင် နိုင်ငံရေးမကျေလည်မှု၊ မကျေနပ်မှု တို့ကိုအကြောင်းပြု၍ အကြမ်းဖက်အုပ်စုများနှင့် ရာဇဝတ်ဂိုဏ်း များ ထကြွလာနေကြသည်။ အေးချမ်းစွာနေလိုသူ ပြည်သူကို ဥပဒေက အကာအကွယ်ပေးထားခြင်းဖြစ်

၊ ပြည်သူမလိုလား ဆန့်ကျင်လက်မခံသည်နှင့်အမျှ အကြမ်းဖက်လှုပ်ရှားသူများ ချုပ်ငြိမ်းသွားမည်ဖြစ်သည်။


အကြမ်းဖက်သမားနှင့် ရာဇဝတ်သားတို့ကို အမြန်ဆုံး ဖော်ထုတ်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် ရပ်ရွာ ဒေသများ အေးချမ်းသာယာလာမည်ဖြစ်သည်။ ဘေးပယောဂ တွန်းအားပေးမှုကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည်တို့ကို မဖြစ်ပွား အောင် ဆင်ခြင်စေချင်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ