နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရန့်ဖို့ဒ်အသင်းက ဆဲလ်တစ်အသင်း ခံစစ်ကစားသမား ခရစ္စတိုဖာအေယာကို ခေါ်ယူ

 ဇူလိုင် ၂၆


ဘရန့်ဖို့ဒ်အသင်းသည် ဆဲလ်တစ် အသင်း ခံစစ်ကစားသမား ခရစ္စတိုဖာ အေယာကို ယူရို ၁၆ သန်းဖြင့် ခေါ်ယူ ကာ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။


နော်ဝေနိုင်ငံသား   ခရစ္စတိုဖာ အေယာသည် ဆဲလ်တစ်အသင်း သို့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီ ကတည်းက ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အသင်းနှင့်အတူ ပွဲပေါင်း ၁၇၇ ပွဲ ပါဝင်ခွင့်ရရှိခဲ့ကာ ဆုဖလား ၁၂ လုံးထိ ရယူနိုင်ခဲ့ သည်။


ယင်းသည် ဆဲလ်တစ်အသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြ ကစားနေသောကြောင့် ပရီးမီးယား လိဂ်ကလပ်  အသင်းများဖြစ်သည့် မန်ယူ၊ လက်စတာ၊ အဲဗာတန်နှင့် ဝုဗ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင် စားနေသော်လည်း ဘရန့်ဖို့ဒ်အသင်းက လက်ဦးမှုရယူကာ ၂၀၂၆ ခုနှစ်ထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။


ဘရန့်ဖို့ဒ်အသင်းသည် ပြီးခဲ့သည့် မေလက ကစားခဲ့သည့် ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲစဉ်တွင် ဆွမ်ဆီး အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့  ပထမဆုံး အကြိမ် တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး လူအင်အားဖြည့်တင်းမှု ပြုလုပ် နေခြင်းဖြစ်ကြောင်း သိရသည်။ (သူရိန်)







အခြားဆက်စပ်သတင်းများ