နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလေးကို ဘဝတစ်သက်တာမမေ့နိုင်စရာအမှတ်တရ ဖန်တီးပေးလိုက်တဲ့ ဟာလန်း

 ဇူလိုင် ၂၆


ဘွန်ဒက်လီဂါ  ထိပ်သီးကလပ် ဒေါ့မွန်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် လာလီဂါကလပ် ဘီလ်ဘိုနဲ့ ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဒေါ့မွန်အနေနဲ့ ၂-၀ ဂိုးနဲ့ အရေးနိမ့် သွားခဲ့ပေမဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း ကတော့ မွန်မြတ်တဲ့လုပ်ရပ်ကိုပြုလုပ် ခဲ့ပါတယ်။ 


ဟာလန်းကတော့ ခြေစမ်းပွဲမှာ ကလေးငယ်တစ်ဦးကို  အမှတ်တရ ကောင်းတွေ  ဖန်တီပေးလိုက်တာပဲ ဖြစ်ပါတယ်။  ပွဲကန်နေစဉ်အတွင်း ကွင်းထဲကို ပရိသတ်တစ်ဦးဟာ ပြေးဝင် လာပြီး ဟာလန်းဆီ အရောက်လာခဲ့တာ ပါ။ ဒီနေရာမှာပဲ ဟာလန်းဟာ ပွဲကို ခေတ္တရပ်နားခိုင်းလိုက်ပြီး ကလေးငယ်လေးရဲ့ ဂျာစီပေါ်မှာ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ 


ဒီနောက်မှာတော့ အဲဒီကလေး ငယ်လေးဟာ အလွန်ပျော်ရွှင်စွာ နဲ့ ကွင်းအတွင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ ဟာလန်း ရဲ့ဒီလုပ်ရပ်ကို   လူမှုကွန်ရက်မှာ ပရိသတ်တွေက ချီးကျူးခဲ့ ကြပါတယ်။ ဟာလန်းကတော့ ကလေးငယ်လေး ကို ထာဝရမမေ့နိုင်စရာ အမှတ်တရ ကောင်းကို ဖန်တီးပေးခဲ့တယ်လို့ ဆိုရ မှာပါ။

(SO)






အခြားဆက်စပ်သတင်းများ