နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုင်ယာလန်ကစားသမားရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးက ကမ္ဘာ့ရင်ခုန်စရာအကောင်းဆုံးဂိုးဖြစ်ခဲ့

ဇူလိုင် ၂၆


အိုင်ယာလန် ပထမတန်းအသင်း Athlone Town နဲ့ ဝါတားဖို့ဒ်တို့ရဲ့ FAI Cup ပထမအဆင့်အဖြစ် ယှဉ်ပြိုင် ခဲ့ကြတဲ့ပွဲမှာ အိုင်ယာလန်ကစားသမားဂလင်းမက်အော်လေးရဲ့ဂိုးကတော့ လူမှုကွန်ရက်မှာ  တော်တော်ရေပန်း စားနေပါတယ်။ အဲဒီပွဲစဉ်မှာ ပွဲချိန် မိနစ် ၉၀ အတွင်း တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျနေခဲ့လို့ အချိန်ပိုကစားခဲ့ရ ပါတယ်။ 


အချိန်ပိုမှာတော့ ဝါတားဖို့ဒ် က နောက်ဆုံး မိနစ်မှာ အနိုင်ဂိုးသွင်း လိုက်လို့ ၄-၃ ဂိုးနဲ့ ဦးဆောင် နေပြီး ပွဲကပြီးပြီလို့  ထင်မှတ်ခဲ့ရပါ တယ်။ နောက်ဆုံးမိနစ်မှာ ဂိုးသွင်း ခံလိုက်ရတော့ Athlone Town ပရိသတ်တွေကလည်း  စိတ်ဓာတ် ကျခဲ့ရပါတယ်။ ဒါကြောင့် Athlone Town  ကစားသမားတွေ အားလုံး နီးပါးဟာ ဦးဆောင်ဂိုး အသွင်းခံရပြီး ကွင်းလယ်စည်းမှာ ဘောလုံးတည် ချိန်မှာ တိုက်စစ်ဆင်ဖို့ကိုပဲ ကြိုးစား နေကြတာပါ။ ဒီအချိန် Athlone Town ကစားသမား ဂလင်းမက်အော်က စပေး ဘော ပေးပေးချင်း  ကွင်းတစ်ဝက် စည်းကနေ  ဂိုးထဲကို  တိုက်ရိုက် ကန်သွင်းပြီး အသင်းအတွက် ချေပဂိုး သွင်းပေးခဲ့တာပါ။ ဒါကြောင့် ဒီဂိုးကို ပရိသတ်တွေကတော့ ကမ္ဘာ့ရင်ခုန်စရာ အကောင်းဆုံးဂိုးလို့ တင်စားနေကြ ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ