နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂိုးသမား မရှိတော့တဲ့ ဂိုးပေါက်ကို အံ့အားသင့်ဖွယ် ဂိုးမသွင်းနိုင်ခဲ့တဲ့ ဘိုင်ယန်ကြယ်ပွင့်

ဇူလိုင် ၂၆


ဘိုင်ယန်ဟာ ရာသီကြိုခြေစမ်းပွဲ အဖြစ် နယ်သာလန်ထိပ်သီးကလပ် အေဂျက်ဇ်နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ၂-၂ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘိုင်ယန်အနေနဲ့  လူငယ်ကြယ်ပွင့် တွေကို ဦးစားပေး အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ပါမားကိုအငှား သွားကစားပြီး ပြန်လာခဲ့တဲ့ ၂၀ နှစ် အရွယ် တိုက်စစ်မှူး Zirkzee ကိုလည်း ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ 


ဒါပေမဲ့ Zirkzee ကတော့ စိတ်ပျက်ဖွယ်စွမ်းရည်ကိုသာ ပြသခဲ့ ပါတယ်။ ပထမပိုင်းပြီးခါနီး ၁-၁ ဂိုးနဲ့ သရေကျနေစဉ်မှာ Zirkzee ဟာ အခွင့်အရေး ရရှိခဲ့ပါတယ်။ Zirkzee ဟာ နောက်တန်းကို ကျော်ဖြတ်ကာ ဂိုးသမားကိုပါ လိမ်ခေါက်ခဲ့ပြီးကာ မှ အဆုံးသတ်ဖို့ တွန့်ဆုတ်နေခဲ့ပြီး ပြိုင်ဘက်နောက်တန်းရဲ့ ဖြတ်ထုတ်ခြင်း ကို ခံခဲ့ရပါတယ်။


ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘိုင်ယန် ပရိသတ်တွေက စိတ်ပျက်နေကြသလို Zirkzee တစ်ယောက် ဂိုးရှေ့မှာ ဘာတွေ တွေးနေတာလဲလို့လည်း ဝေဖန်ခံခဲ့ ကြပါတယ်။   ဘိုင်ယန်ကြယ်ပွင့် Zirkzee ရဲ့ လွဲချော်မှုကတော့ အံ့အားသင့်စရာနဲ့ တော်တော်လေး စိတ်ပျက်ဖွယ်ရာ ကောင်းတဲ့ လွဲချော်မှုပဲဖြစ်ပါတယ်။(SO)






အခြားဆက်စပ်သတင်းများ