နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟယ်ရီကိန်းနေရာကို အစားထိုးဖို့ စပါးအသင်းချိန်ရွယ်ထားတဲ့ အနာဂတ်တိုက်စစ်မှူး

ဇူလိုင် ၂၅

စပါးအသင်းဟာ အသင်း၏တိုက်စစ်မှူးဖြစ်သူ ဟယ်ရီကိန်းကို ရောင်းချနိုင်ပါက ဟယ်ရီကိန်း၏နေရာကို အစားထိုးရန် တိုက်စစ် မှူးတစ်ဦးရှာဖွေနေကြောင်း သိရပါတယ်။ စပါးအသင်းဟာ ဟယ်ရီကိန်းနေရာကို အစားထိုးဖို့အစက ဗင်ဖီကာအသင်းမှ စီဖာရိုဗစ်ကို ခေါ်ယူဖို့ကြိုးပမ်းမှု ရှိခဲ့တာတော့သိရပါတယ်။

ယခုအခါတွင်တော့ စပါးအသင်းဟာ ဟယ်ရီကိန်းရဲ့နေရာကို အစားထိုးဖို့အတွက် တိုက်စစ်မှူးဖြစ်သူ ဒူဆန်ဗယ်ဟိုဗစ်ကို ခေါ်ယူရန် ဖီအိုရင်တီးနားအသင်းထံ ကမ်းလှမ်းလာဖွယ်ရှိကြောင်း sportslens.com တွင် ဖော်ပြထားပါတယ်။ စပါးအသင်းဟာ တိုက်စစ်မှူးဖြစ်သူ ဒူဆန်ဗယ်ဟိုဗစ်အတွက် ပေါင်သန်း ၅၀ ကို အကုန်အကျခံကာ ခေါ်ယူသွားနိုင်ကြောင်းကိုလည်း La Gazzette dello Sport က ဖော်ပြထားပါသေးတယ်။

 ဒူဆန်ဗယ် ဟိုဗစ်ကို ခေါ်ယူဖို့ စပါးအသင်း၏ နည်းပြသစ်ဖြစ်သူ နူနိုအက်စ် ပီရီတိုဆန်းတိုစ့်ကလည်း ထောက်ခံပေးထားပါတယ်။ ဒူဆန်ဗယ် ဟိုဗစ်ဟာ ပြီးခဲ့သောဘောလုံးရာသီတွင် ဖီအိုရင်တီးနားအသင်း နှင့်အတူ ၃၇ ပွဲ ပွဲထွက်ကစားခဲ့ပြီး သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေး ထားနိုင်ခဲ့ပါတယ်။ Sempre Milan သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒူဆန်ဗယ်ဟိုဗစ်ဟာစီးရီးအေရဲ့ အဆုံးသတ်သေချာတဲ့ တိုက်စစ် မှူးတစ်ဦးဖြစ်ကြောင်း ဖော်ပြခြင်းခံခဲ့ရဖူးတဲ့ ကစားသမားဖြစ်ပါ တယ်။                                 (SO)






အခြားဆက်စပ်သတင်းများ