နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြတွေနဲ့ ပရိသတ်တွေရဲ့ ချီးထုပ်ကြီး အေးဂျင့်ရိုင်အိုလာ

ဇူလိုင် ၂၅

စူပါအေးဂျင့်ရိုင်အိုလာကို ဘောလုံးလောကမှာ မသိတဲ့လူ မရှိပါဘူး။ ရိုင်အိုလာလို အေးဂျင့်တစ်ယောက်ဟာ လျှော့တွက် လို့ရတဲ့ထဲပါတဲ့ အေးဂျင့်တော့မဟုတ်ပါဘူး။ ဘောလုံးလောကမှာ လက်ရှိနာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဇလာတန်၊ ဟာလန်း၊ ပေါ့ဘာ၊ ဗာရက်တီ၊ ဒွန်နာယူမာတို့အပါအဝင် ကစားသမား ၈၀ လောက်ရဲ့အပြောင်းအရွှေ့တွေကို သူကချုပ်ကိုင်ထားတယ်။

ကစားသမားတစ်ယောက်အပြောင်းအရွှေ့လုပ်လိုက်တာနဲ့ အေးဂျင့်ခအနေနဲ့ ပေါင်  ၈  သိန်းလောက်က သူ့အိတ်ကပ်ထဲဝင်သွားတယ်။ သူရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာသန်း ၅၀ နီးပါးရှိတယ်။ ဒီနှစ်ဟာလန်းကို အသင်းပြောင်းစေချင်ရင် အေးဂျင့်ခကြီးဘဲသူ့ကိုပေါင်သန်း ၄၀ နီးပါးပေးဖို့ စျေးခေါ်ထားတယ်။ အခုလည်း မန်ယူကွင်းလယ် လူပေါ့ဘာနဲ့ပတ်သတ်ပြီး အေးဂျင့်ခရိတ်ဖို့ PSG နဲ့တိုင်ပင် နေပါတယ်။ တကယ်တော့ မန်ယူအသင်းပေါ့ဘာကိုခေါ်ခဲ့တုန်း ကလည်း သူကကြားထဲကရိတ်ခဲ့ပြီးသားပါပဲ။ နည်းပြတွေနဲ့ပရိသတ်တွေ ကတော့ သူ့ကို"ချီးထုပ်ကြီး"ဆိုပြီး ဂုဏ်နာမပေးထားပါတယ်။

ဘာပဲဖြစ်ဖြစ်ကိုယ်အားပေးတဲ့အသင်းမှာရိုင်အိုလာနဲ့ချိတ်ဆက်ထားတဲ့ ကစားသမားရှိရင်တော့ ခင်ဗျားမျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေမှာ လုံးဝသေချာပါတယ်။ ရိုင်အိုလာဆောင်ရွက်ပေးခဲ့တဲ့ အပြောင်းအရွှေ့ တွေကလည်းအောင်မြင်တာများခဲ့တာအမှန်ပါပဲ။                  (SO)






အခြားဆက်စပ်သတင်းများ