နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီနဲ့ ၁ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ ပိုချက်တီနို

ဇူလိုင် ၂၅

မော်ရီစီယိုပိုချက်တီနိုဟာ ပီအက်စ်ဂျီနဲ့ ၁ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ နည်းပြပိုချက်တီနိုဟာ ဇန်နဝါရီလကမှ နည်းပြဟောင်းတူချယ်ရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့တာဖြစ် ပါတယ်။ အသက် ၄၉ နှစ် ရှိပြီဖြစ်တဲ့ ပိုချက်တီနိုဟာ ၂၀၂၂ ခုနှစ် ဇွန် ထိ ပီအက်စ်ဂျီအသင်းမှာရှိစေမယ့် ၁၈ လစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး၁ နှစ် ထပ်မံသက်တမ်းတိုးခွင့်လည်း ပါဝင်ပါတယ်။ ပိုချက်တီနိုက “ကျွန်တော်ကိုယ်တိုင်အတွက်ရော ကျွန်တော့ဝန်ထမ်းတွေအတွက်ပါ ဝမ်းသာပါတယ်။ အသင်းယုံကြည်မှုရခဲ့တာ အရမ်းအရေးကြီးပြီး ပရိသတ်တွေထံကနေလည်း ကြီးမားတဲ့ထောက်ခံမှုရခဲ့ပါတယ်။

ဒါကြောင့်ကျွန်တော်တို့ရည်မှန်းချက်တွေအတွက် အားလုံးကြိုးစားသွားဖို့ရှိနေတာပါ။ လွန်ခဲ့တဲ့နှစ် ၂၀ က ကျွန်တော်ဒီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး အခုနည်းပြဖြစ်နေပါပြီ။

ဒါကအိပ်မက်တွေတကယ်ဖြစ်လာတာပါပဲ”လို့ ပြောခဲ့ပါတယ်။ ပီအက်စ်ဂျီ ဥက္ကဌအယ်ခီလိုင်ဖီကလည်း ပိုချက်တီနိုကို ယခုလိုစာချုပ်သက် တမ်းတိုးခွင့်ရခဲ့တဲ့အတွက် ဝမ်းသာနေကြောင်းပြောခဲ့ပါတယ်။ ပိုချက်တီနိုဟာ ယမန်နှစ်ရာသီက ပြင်သစ်ရှုံးထွက်ဖလားရအောင် ယူပေးခဲ့ပေမဲ့ လီဂူးဝမ်းဖလားကိုတော့ လိုင်လီထံလွှဲပြောင်းပေးခဲ့ရပါတယ်။ ဥရောပပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ မန်စီးတီးကိုရှုံးပြီး ထွက်ခဲ့ရပါတယ်။                     (SO)






အခြားဆက်စပ်သတင်းများ