နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်နယ်လ်ဒန်က PSG အသင်းသို့ ပေါ့ဂ်ဘာ ပြောင်းရွှေ့ကစားစေလိုသည်ဟုပြော

ဇူလိုင် ၂၅

PSG ကွင်းလယ်ကစားသမားသစ် ဝင်နယ်လ်ဒန်သည် မန်ယူကွင်းလယ် လူပေါ့ဂ်ဘာကို PSG အသင်းသို့ ပြောင်းရွှေ့ကစားစေလိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်းမှ PSG အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသည့် ဝင်နယ်လ်ဒန်ကပေါ့ဂ်ဘာမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ပေါ့ဂ်ဘာနဲ့ PSG အသင်းမှာတွဲဖက်ကစားခွင့်ရချင်ပါတယ်။ သူကတကယ်ကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော့ အနေနဲ့ သူ့ကိုပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးပါတယ်။ သူဟာ စွမ်းရည်ပြည့်ဝတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းတိုင်းက သူ့ကိုလိုချင်ကြမှာပါ။ သူဟာကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစား သမားတွေထဲက တစ်ဦးပါ"ဟု ဝင်နယ်လ်ဒန်က ပြောကြားခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူပေါ့ဂ်ဘာသည် ၂၀၂၂ ခုနှစ်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ယင်းကိုခေါ်ယူရန် PSG အသင်းကစိတ်ဝင်စားနေကြောင်း သိရသည်။                             (သူရိန်)






အခြားဆက်စပ်သတင်းများ