နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုအိုလံပစ်ဘောလုံးပြိုင်ပွဲဝင်အသင်းတွေထဲမှာ တန်ဖိုးအမြင့်ဆုံးစပိန်အသင်း

ဇူလိုင် ၂၃


စတင်ကျင်းပနေပြီဖြစ်တဲ့ ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသားဘောလုံး ပြိုင်ပွဲဝင်အသင်းတွေထဲမှာ စပိန် အသင်းက ကစားသမားတွေရဲ့စုစုပေါင်း တန်ဖိုးက ဂျာမနီအသင်းထက် လေးဆ အထိ   ပိုများနေတာဖြစ်ပါတယ်။ Transfermarkt   ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ စပိန်အိုလံပစ်အသင်း ကစားသမား အားလုံးရဲ့စုစုပေါင်း တန်ဖိုးကပေါင် ၄၈၇ သန်း အထိ ရှိတာကြောင့် အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲမှာ တန်ဖိုးအမြင့်ဆုံး အသင်းအဖြစ်သတ်မှတ်ခံခဲ့ရတာဖြစ် သလို ၂၀၁၆၊ ရီယိုအိုလံပစ်ချန်ပီယံ ဘရာဇီးလ်အသင်းတောင်    စပိန် အသင်းလောက်တန်ဖိုးမရှိခဲ့ပါဘူး။ အိုလံပစ်ပြိုင်ပွဲရဲ့ တန်ဖိုးအမြင့်မားဆုံး ကစားသမား ထိပ်ဆုံး ၁၅ ဦး စာရင်းမှာ စပိန်အသင်းက ၉ ဦး အထိပါဝင်ခဲ့ ပါတယ်။ အဲဗာတန်နာမည်ကျော် တိုက်စစ်ကစားသမား ရစ်ချာ လစ်ဆင် ပါဝင်နေတဲ့ ဘရာဇီးလ်အသင်းဟာ ပေါင် ၃၁၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဒီနှစ်သင်းနောက် တတိယ နေရာကဂျာမနီ၊ စတုတ္ထနေ ရာက အာဂျင်တီးနားအသင်းတို့အကြား တန်ဖိုးကွာဟချက်က မထင်မှတ်ဘဲ မြင့်မားလွန်းနေပြီး ဂျာမနီကစားသမား တွေရဲ့စုစုပေါင်းတန်ဖိုးက ပေါင် ၁၁၁ သန်းသာရှိသလို အာဂျင်တီးနားအသင်း ကတော့ ပေါင်သန်း ၁၁၀ သာ ရှိနေတာ ဖြစ်ပါတယ်။ ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသားဘောလုံး ပြိုင်ပွဲတွေကို အခုဇူလိုင်လ  ၂၂  ရက်မှာ စတင်ကျင်းပ နေပြီဖြစ်သလို စပိန်အသင်းဟာ အိုလံ ပစ်ပြိုင်ပွဲ အုပ်စု(C) မှာ  လီဗာပူးလ် နာမည်ကျော်တိုက်စစ်မှူးဆာလာရဲ့ အီဂျစ်၊ သြစတြေးလျ၊ အာဂျင်တီးနား အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက် နေပါတယ်။      

    (SO)






အခြားဆက်စပ်သတင်းများ