နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဲဗာတန်မှာ နည်းပြဘင်နီဒက်ဇ်နဲ့ ပြန်လည်တွေ့ဆုံရတော့မယ့် တောင်ဆန်

‌ဇူလိုင် ၂၃

 

ယမန်နှစ်ရာသီကုန်ကပဲလေ့စ်နဲ့စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အသင်း လက်မဲ့ဖြစ်နေတဲ့ အသက် ၃၀ အရွယ် တောင်ပံကစားသမား အန်ဒရော့စ် တောင်ဆန်ကို အဲဗာတန်အသင်းက ၂ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ဒါကြောင့် တောင်ဆန် အနေနဲ့ နယူးကာဆယ်မှာ အတူလက်တွဲခဲ့တဲ့ နည်းပြ ဘင်နီတက်ဇ်နဲ့ အဲဗာတန်မှာ ပြန်လည်ပူးပေါင်းရတော့မှာပါ။ တောင်ဆန်က “အဲဗာတန်က ဘာလဲဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ဒီအသင်းက တကယ့်အသင်းကြီး တစ်သင်းဖြစ်ပြီး ရည်မှန်းချက်ကြီးမားကာ ဥရောပကို ပိုင်စိုးဖို့ ကြိုးစားနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ 

ကျွန်တော်အသင်းကို ကူညီဖို့ အစွမ်းကုန်ကြိုးစား သွားမှာပါ။ ဘင်နီတက်ဇ်က အရမ်းအတွေ့အကြုံများပါတယ်။ သူလေ့ကျင့်ရေး ကွင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာတွေ အများကြီး လုပ်ပြခဲ့ပါတယ်။ ဒါပေမဲ့သူက တကယ်တော်တဲ့နည်းပြတစ်ဦးဖြစ်ပြီး သင့်ကိုအမြဲစကားပြောနေတတ်ပါတယ်။ သူဒီမှာအောင်မြင်မယ်လို့ ကျွန်တော်သေချာပြောနိုင်ပါတယ်”လို့ပြောခဲ့ပါတယ်။ တောင်ဆန်ဟာတော့တင်ဟမ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အင်္ဂလန်အတွက် ၁၃ ပွဲကစားပေးခဲ့ပါတယ်။ အဲဗာတန် အသင်းဟာ တောင်ဆန်အပြင် ဘုန်းမောက်ဂိုးသမား  ဘီဂိုဗစ်ကိုလည်း ၁ နှစ်စာချုပ်နဲ့ ခေါ်ယူကြောင်း ကြေညာခဲ့ပါတယ်။                                                         (SO)






အခြားဆက်စပ်သတင်းများ