နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တော့တင်ဟမ်ကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ပျော်နေတဲ့ ဂိုလင်နီ

‌ဇူလိုင် ၂၃

 

အေစီမီလန်အသင်းထံကနေ တော့တင်ဟမ်အသင်းဟာ ဂိုလင်နီကို ၁ ရာသီအငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမဲ့ ၁ နှစ်အငှား သက်တမ်းတိုးခွင့် ဒါမှမဟုတ် အပြီးသတ်ခေါ်ယူခွင့်ပါဝင်ပါတယ်။ အီတလီသားဟာ အေစီမီလန်မှာ ဆေးစစ်ခဲ့ပြီး တော့တင်ဟမ်ကို  ပြောင်းဖို့ နီးစပ်လာတဲ့အတွက်  ဝမ်းသာနေကြောင်း ပြောခဲ့ပါတယ်။ ဂိုလင်နီက “ကျွန်တော်အလွန်ပျော်နေပါတယ်” လို့ ပြောခဲ့ပါတယ်။ အီတလီကလာတဲ့ သတင်းတွေအရ ဂိုလင်နီဟာ လန်ဒန်ကို ရောက်လာပြီး လက်ကျန် ဆေးစစ်မှုတွေ ခံယူသွားမယ်လို့ သိရပါတယ်။ ၂၆ နှစ်သားဟာ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့မှာ ကစားခဲ့စဉ်နေရာမရခဲ့ပေမယ့် အတ္တလန္တာ နဲ့အတူ နောက်ဆုံး၃နှစ်အတွင်းမှာ အဓိကနေရာက နေပါဝင်ခဲ့ပြီး ချန် ပီယံလိဂ် ပုံမှန် ကစားခွင့်ရခဲ့ပါတယ်။ တော့တင်ဟမ်အနေနဲ့ လိုရစ်ရဲ့အနာဂတ် မသေချာ တော့တဲ့အနေအထားမှာ ယခုလိုဂိုလင်နီကိုခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့တင်ဟမ်ဟာ အတ္တလန္တာ ခံစစ်မှူး ခရစ္စတီယန် ရိုမီယိုကိုလည်း ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေခဲ့ပါတယ်။                                                            (SO)






အခြားဆက်စပ်သတင်းများ