နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်မွေးတိရစ္ဆာန်နှင့် ဗိုင်းရပ်စ်အန္တရာယ်

တိုးတက်လာသော လူနေမှုစနစ်နှင့်အညီ နေအိမ်များ၌ အိမ် မွေးတိရစ္ဆာန်များ မွေးမြူလာကြသည်။ အများဆုံး မွေးမြူကြသည့် တိရစ္ဆာန်များမှာ ခွေး၊ ကြောင်နှင့် ကျေးငှက်တို့ဖြစ်ကြသည်။ ထိုအိမ်မွေးတိရစ္ဆာန်များသည် လူနှင့် အနီးကပ်ဆုံးသတ္တဝါများ ဖြစ်ကြသဖြင့် စနစ်တကျ မွေးမြူတတ်ကြရန် အရေးကြီးပေသည်။ တိရစ္ဆာန်တို့၏ ဗိုင်းရပ်စ်ပိုးများ လူကို ကူးစက်ခံရပါက လူ့အသက် အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်သည်။

အထူးသဖြင့် အလှမွေးခွေးအမျိုးမျိုးမွေးမြူကြရာတွင် သတိပြုဖို့လိုသည်။ ခွေးများတွင် အဓိကအားဖြင့် ခွေးရူးရောဂါများ ဖြစ်ပွားတတ်သည်။ ခွေးရူးရောဂါသည် ခွေးများတွင်သာမက ကြောင်များတွင်လည်း ဖြစ်ပွားတတ်ကြောင်း သတိပြုရပေသည်။ ရောဂါဖြစ်ပွားနေသော ခွေး၊ ကြောင်အစရှိသည့် အိမ်မွေးတိရစ္ဆာန် များ လူကို အကိုက်ခံရပါ ယင်းတို့တွင်ရှိသော ဗိုင်းရပ်စ်များ လူ၏ ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပြီး အသက်ဆုံးရှုံးသည့်အထိ ဖြစ်နိုင်ပါသည်။

အိမ်မွေးတိရစ္ဆာန်မွေးမြူမည်ဆိုပါလျှင် တိရစ္ဆာန်များကို တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် ပြသပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် အခြားရောဂါကာကွယ်ဆေးထိုးနှံပေးရန်အရေးကြီးပေသည်။ အိမ်မွေးတိရစ္ဆာန်မွေးမြူသူတိုင်း သတိပြုရမည့် အချက်မှာ တိရစ္ဆာန်များနှင့် အရောတဝင် မပြုလုပ်ရန် အရောတဝင်ပြုလုပ်မိပါက အမှတ်မထင်လူကို ကိုက်တတ်ကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်များက အသိပေးလျက်ရှိသည်။
ထို့ကဲ့သို့ အကိုက်ခံရပါက ဒဏ်ရာကို သေချာစွာ သန့်စင်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စနစ်တကျ ကုသသင့်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံပြီး မွေးမြူကြရန် လိုအပ်သည်။

တိရစ္ဆာန်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နိုင်ခြေရှိ၊မရှိကို လူသားများက စိုးရိမ်ကြောင့်ကြ၊ ကြသည်။ ပညာရှင်များက မည့်သည်တိရစ္ဆာန်အမျိုးအစားအုပ်စုများတွင် ကိုဗစ်-၁၉ရောဂါ ဗိုင်းရပ်စ်ကူးစက်သည့် အသေးစိတ်လေ့လာနေကြသည်။

လေ့လာမှုများအရ အင်္ဂလန်နိုင်ငံတွင် ကြောင်နှင့်ကြွက် ၃၇၇ ကောင်ကို စမ်းသပ်ရာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်သော ကိုယ်တွင်း ပဋိဇီဝခုခံအားရှိသော အကောင်  ၆ ကောင်သာရှိကြောင်း သတင်းများတွင် တွေ့ရသည်။ ရေရှည်တွင် လူသားများနှင့် နီးကပ်စွာ နေထိုင်မှု ပုံစံရှိသော အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကြောင်နှင့် ခွေးများကို ဗိုင်းရပ်စ်ပိုး ကူးစက်မှုအခြေအနေများအား သတိပြုဆင်ခြင် စောင့်ရှောက်စေချင်ကြောင်း။           ။






အခြားဆက်စပ်သတင်းများ