နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းကို စွန့်ခွာတော့မယ် ဆွန်ဟောင်မင်ရဲ့ပုံစံကြောင့် စပါးပရိသတ်တွေစိုးရိမ်ပူပန်နေ

ဇူလိုင် ၂၂


စပါးအသင်းရဲ့ကစားသမားတစ်ဦးဖြစ်တဲ့ ဆွန်ဟောင်မင်ဟာရာသီကြိုလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ အသင်းဆီပြန်လည်ရောက်ရှိ လာပြီဖြစ်ပေမယ့် သူ့ပုံစံက သိပ်ပြီးအားတက်သရောမရှိတာကြောင့် ပရိသတ်တွေက အသင်းရဲ့အနေအထားအပေါ် ဆွန်ဟောင်မင် တစ်ယောက် စိတ်ပျက်နေပြီလားလို့ စိုးရိမ်နေကြတာဖြစ်ပါတယ်။ 


အမြဲတမ်းလိုလို တက်ကြွနဲ့ရယ်မောနေလေ့ရှိတဲ့ ဆွန်ဟောင်မင် တစ်ယောက် ရာသီကြိုထရိန်နင်ကို ပြန်ရောက်လာတဲ့ ပုံစံက သူ့ဆီမှာ မြင်နေကျဖြစ်တဲ့ တက်ကြွမှုတွေ၊ စိတ်အားထက်သန်မှု တွေလုံးဝကို ပျောက်ဆုံးနေပါတယ်။ စပါးအသင်းဟာ နည်းပြ အပြောင်းအလဲဖြစ်ခဲ့ပြီး ရာသီကုန်မှာလည်း အဆင့် ၇ နေရာသာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်တောင်မရခဲ့ဘဲ တစ်ဆင့်ပိုနိမ့်တဲ့ EuropaConferenceLeague  ပြိုင်ပွဲသာယှဉ်ပြိုင်ခွင့်ရရှိခဲ့ကာ နည်းပြ ဂျိုဆေးမော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပါတယ်။ ဝုဗ်နည်းပြဟောင်း နူနိုဆန်းတို့စ်က တော့တင်ဟမ်နည်းပြသစ်ဖြစ်လာခဲ့ပါတယ်။ ဆွန် ဟောင်မင်ရဲ့ အဓိကတိုက်စစ်အတွဲအဖက်ဖြစ်တဲ့ ဟယ်ရီကိန်း ကလည်း စပါးအသင်းနဲ့လမ်းခွဲမယ်လို့ ပြီးခဲ့တဲ့ မေလကတည်း ကအသင်းဥက္ကဌလီဗိုင်ကို အသိပေထားတဲ့ အပြင်တခြားစီနီယာကစားသမားတစ်ချို့ကလည်း အသင်းမှာ ဆက်ရှိဖို့မသေချာဖြစ်နေပါတယ်။                                                                            (SO)






အခြားဆက်စပ်သတင်းများ