နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်းကိုဗစ် ကူးစက် ခံရမှုများပြားတာ ကြောင့်ရာသီကြို အမေရိက အစီအစဉ်ဖျက် သိမ်း

ဇူလိုင် ၂၂


အသင်းတွင်း ကိုဗစ်ကူးစက်ခံရမှု များပြားလာတာကြောင့် အာဆင်နယ်အသင်းဟာ ရာသီကြို အမေရိကအစီအစဉ်ကို ဖျက် သိမ်းလိုက်ရပါတယ်။ အာဆင်နယ်တို့ဟာ အော်လန်ဒိုမှာ ပြုလုပ်မယ့် ဖလော်ရီဒါဖလားပြိုင်ပွဲမှာ ပွဲစဉ် ၂ ပွဲကစားဖို့ အမေရိကန်ကို ထွက်ခွာရမှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ စီးရီးအေချန်ပီယံအင်တာမီလန်နဲ့ ကစားရမှာဖြစ်ပြီး နောက်ပွဲ အဖြစ် အဲဗာတန်ဒါမှမဟုတ် ကိုလံဘီယာကလပ်မီလွန်နာရို့စ်နဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေ အယောက် ၈၀ လောက်သွားမယ့် ခရီးသွားအုပ်စုထဲအဖွဲ့ဝင် အနည်းငယ်မှာ ကိုဗစ်ပိုးတွေ့ရှိရမှုကြောင့် ယခုလို အမေရိက ခရီးကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ တနင်္လာနေ့က PCR စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ ယခုလို ပိုးတွေ့ရှိရမှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ပိုးတွေ့ရှိရသူတွေက သီးခြားစီ ခွဲနေရမှာဖြစ်ပြီး အခြားသူတွေကတော့ ပုံမှန်အတိုင်း အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။ ယခုလို ကိုဗစ်ကြောင့် ရာသီကြိုအစီအစဉ်တွေကို ထိခိုက်လာတဲ့အတွက် အာဆင်နယ် အနေနဲ့ ခြေစမ်းပွဲတွေကို ပြန်လည်စီစဉ်ရတော့မှာပါ။ ဒါမှမဟုတ် ပိုးတွေ့ရှိသူတွေကို ထားခဲ့ပြီး ကျန်သူတွေ အမေရိကန်သွားနိုင်ပေမဲ့ ပိုးတွေ့ရှိရ သူတွေထပ်ရှိလာရင် အမေရိကန်မှာ ကွာရန်တင်းဝင် ရမယ့်အရေးနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။                          (SO)






အခြားဆက်စပ်သတင်းများ