နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တော့တင်ဟမ်ကစားသမား ၆ ဦး ခန့်အရောင်းစာရင်းတင်ဖို့ ပြင်ဆင်ထား

ဇူလိုင် ၂၂


တော့တင်ဟမ်အသင်းကတော့ နွေရာသီမှာ ကစားသမားသစ် တွေ ခေါ်ယူဖို့ ကစားသမား ၆ ဦးလောက်ကို အရောင်းစာရင်းတင်ဖို့ ပြင်ဆင်နေပါတယ်။ နူနိုဆန်းတို့ ရောက်လာပြီးကတည်းက ကစားသမား မခေါ်ယူရသေးပဲ အတ္တလန္တာအတွဲဖြစ်တဲ့ ရိုမီယူနဲ့ ဂိုလီနီတို့ကို ခေါ်ယူနိုင်ဖို့နီးစပ်နေပါတယ်။ တော့တင်ဟမ် ဟာလာမယ်လာကို အလိုက်ပေးပြီး ဆီဗီလာစတားဘရိုင်ယန်ဂီးလ် ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။  တိုင်းမ်စ်သတင်းဌာနရဲ့ အဆိုအရ  တော့တင်ဟမ်အသင်းဟာ အခုနွေရာသီမှာ ကစားသမား တွေကို အရောင်းစာရင်းတင်ဖို့ ပြင်ဆင်နေပြီး အော်ရီယာ၊ အယ်လ် ဒါဝီရယ်၊ ဒိုင်ယာ၊ ကာတာဗစ်ကာနဲ့ ဆန်းချက်ဇ်တို့ကို ရောင်းချဖွယ် ရှိနေတာဖြစ်ပါတယ်။ ဟယ်ရီဝင့်ခ်နဲ့ ဂျက်ကလာ့ခ်တို့ကတော့ ဆန်းတို့ရဲ့အစီအစဉ်ထဲမှာ ပါဝင်နေတာကြောင့် အသင်းမှာ ဆက်ရှိ နေဖွယ်ရှိနေပါတယ်။ တော့တင်ဟမ်ဟာကစားသမားသစ်တွေ ခေါ် ယူဖို့ပြင်ဆင်နေပေမယ့် တိုက်စစ်မှူးဟယ်ရီကိန်းက အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။                                                

(SO)






အခြားဆက်စပ်သတင်းများ