နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟာလန်းလိုက်လို့ကို မမီနိုင်တော့ဘူးဆိုတဲ့ လီဝန်ဒေါစကီး

ဇူလိုင် ၂၁


တိုက်စစ်မှူးအာလင်းဟာလန်းကို ဒေါ့မွန်အသင်းဘက်က ပေါင်သန်း ၁၅၀ တန်ကြေးသတ်မှတ်ထားပါတယ်။ ကစားသမားရဲ့အေးဂျင့်ရွိုင်းအိုလာကလည်း အေးဂျင့်ခသန်း ၄၀ တောင်းထားတယ်။ စာချုပ်ချုပ်ခလည်းသန်း  ၂၀ လောက်ထပ်ကုန်ဦးမယ်။ ပြီးတော့ကစားသမားထွက်ချင်တဲ့အချိန် ထွက်ခွာခွင့်ပြုဖို့ get-outclause ထပ်ချုပ်ခိုင်းတယ်။ စာချုပ်ဟာတစ်ဘက်စောင်းနင်းဖြစ်နေပြီး ချဲလ်ဆီးဟာ ဟာလန်းကိုလက်လျှော့လိုက်ရလျှင် ဘိုင်ယန်မြူးနစ်ရဲ့လီဝန်ဒေါစကီးကိုပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းသွားဖို့စဉ်းစားထား ကြောင်း TheSun သတင်းဌာနဖော်ပြထားပါတယ်။ ပိုလန်တိုက်စစ်မှူး ဟာ ယမန်နှစ်က ဘွန်ဒက်စ်လီဂါမှာ သွင်းဂိုး ၄၁ ဂိုးအထိ သွင်းယူပြီး ဂတ် မူလာရဲ့စံချိန်ကိုချိုးဖြတ်နိုင်ခဲ့သူဖြစ်ပါတယ်။ တိုက်စစ်မှူးဟာလန်းက NorwegianTV မှာ…“ရောဘတ်လီဝန်ဒေါစကီးဟာ ရူးလောက် အောင်ကောင်းပါတယ်။ ကျွန်တော်တစ်ဂိုးသွင်းတိုင်းဟာ ငါတော့သူ့ကိုမီဖို့တစ်ဂိုးနီးသွားပြီလို့ တွေးမိပါတယ်။ အဲ့အခါကျရင်သူက ဟက်ထရစ်သွင်းသွားပြန်ရောဗျာ။ သူအဲ့လိုသွင်းတာဟာ လုပ်နေ ကျအလုပ်တစ်ခုလိုပါပဲ။ အဲ့ဒီလိုနဲ့လိုက်လေ ဝေးလေဖြစ်ရောဗျာ။ သူလုပ်နေတာတွေအားလုံးက ရူးလောက်စရာပါပဲ။ ကျွန်တော် သူ့ဆီကနေအများကြီး လေ့လာသင်ယူခဲ့ပါတယ်။ အားလုံးထဲမှာ သူဟာ နည်းစနစ်ပိုင်းအရရော၊ ပွဲကစားချိန်မှာရော အရမ်းသန်မာ ကျွမ်းကျင်ပါတယ်”လို့ ချီးကျူးလိုက်ပါတယ်။ ဟာလန်းဟာလည်း ယမန်နှစ်က ဘွန်ဒက်စ်လီဂါမှာ ၂၈ ပွဲကစား ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လီဝန်နဲ့စာရင်  ၁၄ ဂိုးတိတိကွာခြားခဲ့ပါတယ်။               (SO)






အခြားဆက်စပ်သတင်းများ