နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီး MMA ဖိုက်တာ လီအန်ဒိုလ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့် အောင်လအန်ဆန်

ဇူလိုင် ၂၁


One Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ် တန်းတွင် ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုကို ပိုင်ဆိုင်ခဲ့သူ နှစ်ထပ် ကွမ်းချန်ပီယံဟောင်း မြန်မာ့စပါးကြီးမြွေအောင်လအန်ဆန် ဟာ ယခုလကုန် ၃၀ ရက် စင်ကာပူမှာ ဘရာဇီးဖိုက်တာလီအန် ဒိုလ်နဲ့ ထိုးသတ်ရမယ်လို့ One Championship အဖွဲ့အစည်း က တွဲဆိုင်းများထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ Battleground ဟု အမည်ပေးထားတဲ့ ဒီပြိုင်ပွဲမှာ အဆိုင်း ၆ ဆိုင်း ပါဝင်ထိုး သတ်မှာဖြစ်ကာ Main Event အဖြစ် မွေထိုင်း One Straw Weight ရွှေခါးပတ် ကာကွယ်ပွဲထိုးသတ်ပွဲဖြစ်ပြီး အောင်လနဲ့ လီအန်ဒရိုတို့ကတော့ ဒုတိယခေါင်ပွဲအဖြစ် ထိုးသတ်ရမယ်လို့ One Championship က ထုတ်ပြန်ခဲ့ပါတယ်။ ယင်းပွဲစဉ်မှာ မစ်ဒယ်ဝိတ်တန်းပွဲစဉ်ဖြစ်ကာ အဲဒီပွဲမှအနိုင်ရရှိသူဟာလက်ရှိ မစ်ဒယ်ဝိတ်ချန်ပီယံနယ်သာလန်သား ဒီရိုင်ဒါ၏ ခါးပတ်ကိုစိန် ခေါ်လုယူခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင်အောင်လရဲ့ လက်ရှိ မစ်ဒယ်ဝိတ်တန်းပြိုင်ဖက်ကြီးနှစ်ယောက်ဖြစ်တဲ့ ရိုင်နီယာနဲ့လီအန်ဒိုလ်အာတိုင်းစ်ဒီးစ်တို့ကတော့ Gym တစ်ခုထဲမှာ လေ့ကျင့် ပြင်ဆင်နေကြပါတယ်။ လီအန်ဒရိုနဲ့အောင်လကတော့ အလုံး အထည်ချင်းတူတူလောက်ပါဘဲ။ ဂျူဂျစ်စုကမ္ဘာ့ချန်ပီယံဖြစ်ထားတဲ့ လီအန်ဒရိုကသာခဲ့ရင်တောင် ရုန်းအားနဲ့ကြံ့ခိုင်မှုနဲ့ striking ပိုင်းမှာတော့ အောင်လကသာတယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့် ဒီရိုင်ဒါ၏မစ်ဒယ်ဝိတ်ခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ ၃၀ ရက် နေလီရန်ဒရိုနဲ့ပွဲကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ