နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရပ် ၆ ပေ ၈ လက်မရှိတဲ့ အေဂျက်စ် ဂိုးသမားလေးကိုခေါ်ယူနိုင်ခဲ့တဲ့ ဘရိုက်တန်

ဇူလိုင်   ၁၉


အေဂျက်စ်အသင်းရဲ့ နယ်သာလန် သားဂိုးသမားကေဂျယ်လ်ရှဟာပန်ကိုခေါ်ယူနိုင်ခဲ့ပြီလို့ဘရိုက်တန်အသင်းက ကြေညာသွားခဲ့ပါတယ်။ နယ်သာလန် ယူ- ၂၁ ဂိုးသမားလေးဟာအရပ် ၆ ပေ ၈ လက်မထိမြင့်ပြီး ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အတွက် ပြိုင်ပွဲစုံ၂၇ပွဲကစား ပေးခဲ့တဲ့ပထမဦးစားပေးဂိုးသမားရောဘတ်ဆန်းချက်ဇ်နဲ့အပြိုင်ကစားသွား ရမှာပဲဖြစ်ပါတယ်။


ဒီရာသီမှာသာရှဟာပန်အနေနဲ့ ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရရှိခဲ့မယ် ဆိုရင်တော့ မန်စီးတီးဂိုးသမားဟောင်း ပန်တီလီမွန်နဲ့ အဲဗာတန်တိုက်စစ်မှူး ဟောင်းလာစီနာထရာအိုရေးတို့နဲ့ အတူ ပရီးမီးယားလိဂ်ရဲ့အရပ်အမြင့်ဆုံး ကစားသမားစာရင်းထဲမှာပါဝင်လာ မှာဖြစ်ပါတယ်။ ဘရိုက်တန်နည်းပြ ပေါ်တာက" ကေဂျယ်လ်ကိုအသင်းက နေကြိုဆိုပါတယ်။ သူက ကျွန်တော်တို့ အချိန်အတန်ကြာအောင်စောင့်ကြည့် ခဲ့တဲ့ ကစားသမားပါ။ ကျွန်တော်တို့ လိုချင်တဲ့ အရည်အသွေးတွေသူ့ဆီမှာအများကြီးတွေ့ရပါတယ်။ သူ့ရဲ့ခန္ဓာကိုယ် အရွယ်အစားနဲ့ဆိုရင်ဘာပဲလုပ်လုပ် အများကြီးတိုးတက်လာမှာ သေချာပါ တယ်။ အင်္ဂလန်မှာကစားရင်လည်းသူ့အရည်အသွေးတွေကပိုတိုးတက်လာ မှာပါ"လို့ပြောခဲ့ပါတယ်။ 


ရှဟာပန်ဟာ ၂၀၁၉ မှာအေဂျက်စ်အသင်းကိုရောက်ရှိခဲ့ပြီးဒုတိယအသင်းအတွက်ပွဲ ၃၀ ကစားခဲ့ပြီးဒီနှစ်အစော ပိုင်းမှာတော့ ၂၁ နှစ်အရွယ်ကစား သမားဟာပထမအသင်းမှာ ဧပြီလကရိုးမားနဲ့ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အပါအဝင် ၄ ပွဲကစားခွင့် ရရှိခဲ့ပါတယ်။    (SO)






အခြားဆက်စပ်သတင်းများ