နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၇၀ ရရှိမှသာ လက်ခံစဉ်းစားမည်

ဇူလိုင်  ၁၇

စပါးအသင်း ဥက္ကဋ္ဌ လီဗိုင်းက တိုက်စစ်မှူး ဟယ်ရီကိန်းကို ရောင်းချရန် အစီအစဉ်မရှိသော်လည်း စတာလင် ပေါင် သန်း ၁၇၀ ဖြင့် ကမ်းလှမ်းလျှင် လက်ခံစဉ်းစားသွားမည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

စပါးအသင်းသည် မည်သည့်အောင် မြင်မှုမှမရရှိခဲ့သလို လာမည့် ဘောလုံး ရာသီတွင်လည်း ဥရောပပြိုင်ပွဲဝင်ခွင့် နှင့် လွဲချော်ခဲ့သည့်အတွက် ဟယ်ရီကိန်း အနေဖြင့် အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားခြင်းဖြစ်သည်။
ဟယ်ရီကိန်းသည်  အသင်းမှ ထွက်ခွာခွင့် တောင်းဆိုခဲ့ပြီးနောက် ယင်းကို ဥရောပထိပ်တန်းကလပ် အသင်းကြီး အများစုက အပြိုင်ကမ်း လှမ်းလာသည့်အတွက် စပါးအသင်းက ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့သည်။
ထို့နောက် အပြောင်းအရွှေ့ကာလ တွင် တိုက်စစ်မှူးတစ်ဦးခေါ်ယူရန် ပြင်ဆင်နေသည့် မန်စီးတီး အသင်းက ယူရို ၂၀၂၀ ပြိုင်ပွဲ ကျင်းပစဉ် ကတည်းက ဟယ်ရီကိန်းကို စပါးအသင်း တောင်း ဆိုထားသည့် စတာလင်ပေါင် သန်း ၁၀၀ ဖြင့်ကမ်းလှမ်းခဲ့သော်လည်း စပါး အသင်းက ငြင်းပယ်ခဲ့ပြီး ယခုအခါ တွင် ဟယ်ရီကိန်း၏ ပြောင်းရွှေ့ကြေးကို သန်း ၁၇၀ သတ်မှတ်ခဲ့ကြောင်း သိရ သည်။                                  (သူရိန်)






အခြားဆက်စပ်သတင်းများ