နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာရာဘောင်းဖလားဆီမီးဖိုင်နယ် ပွဲစဉ်ကို ပုံမှန်အတိုင်းနှစ်ကျော့ ကစားဖို့အတည်ပြုလိုက်တဲ့ EFL

ဇူလိုင်  ၁၆


လာမယ့်ရာသီမှာတော့  ကာရာ ဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ပုံမှန်အတိုင်း ၂   ကျော့ကစားသွားမယ်လို့ အီးအက်ဖ်အယ်က အတည်ပြုပြောကြား လိုက်ပါတယ်။


ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့ပြီး နောက် ၂၀၂၀-၂၁ ရာသီတုန်းက ဆီမီး ဖိုင်နယ်ပွဲစဉ်ကို တစ်ကျော့တည်းသာ ကစားခဲ့ကြတာ ဖြစ်ပါတယ်။


၁၉၆၀ ခုနှစ် ကာရာဘောင်းဖလား အစကတည်းက ဆီမီးဖိုင်နယ်ပွဲစဉ်ကို နှစ်ကျော့ကစားခဲ့တာဖြစ်ကာ ပွဲစဉ်တွေ ကို ပုံမှန်အတိုင်း ကစားသွားမှာ ဖြစ်ပါ တယ်လို့ အီးအက်ဖ်အယ်လ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူက PA news agency သို့ ပြောပါတယ်။ 

ပြိုင်ပွဲတွေကိုတော့  လာမယ့်နှစ် ဇန်နဝါရီ ၃ ရက်နေ့ နဲ့ ၁၀ ရက်နေ့မှာ စတင်ကစားသွားမှာဖြစ်ပါတယ်။ ပထမ အကျော့နှင့် ဒုတိယအကျော့ပွဲစဉ်ကိုပုံမှန်အားဖြင့် ရက်သတ္တပတ် ၂ ပတ် ခြားပြီးကစားစေခဲ့သော်လည်း အပို ထပ်ဆောင်း ကစားရမယ့်ပွဲစဉ်တွေရှိတဲ့ အတွက်ပိုပြီးနီးနီးကပ်ကပ် ကစားသွားဖို့ လည်းရှိနေပါတယ်။

၂၀၂၄ ခုနှစ်ကနေစပြီး ကလပ်တွေရဲ့ ပြိုင်ပွဲကစားမှုကို ပြောင်းလဲလိုက်တဲ့ ယူအီးအက်ဖ်အေရဲ့ အစီစဉ်တွေကြောင့် ကာရဘောင်းဖလား ပွဲစဉ်ဇယားအတွက် စိုးရိမ်စရာတော့ ရှိပါတယ်။


ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေကို ထပ်တိုးလိုက်မယ်ဆိုရင် ပိုထပ်ဆောင်းကစားရမယ့် အီးအက်ဖ် အယ်ကလပ်တွေ အမြတ်အစွန်းကလျော့ ကျသွားနိုင်ပြီး ကာရာဘောင်းဖလားကို လည်း အဓိကခြိမ်းခြောက်လာနိုင်ပါ တယ်လို့ အီးအက်ဖ်အယ်ရဲ့ ဥက္ကဌဖြစ်သူရစ်ခ်ပယ်ရီကပြောပါတယ်။ ပရီးမီးယား လိဂ်ကလည်း ဇန်နဝါရီလမှာ ပြည်တွင်း ပွဲစဉ်တွေသာ ရှင်းရှင်းလင်းလင်း ဖြစ်စေ ချင်နေပါတယ်။                          (SO)






အခြားဆက်စပ်သတင်းများ