နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေရာလိုက် အကောင်းဆုံးကစားသမားတွေပါတဲ့ ယူရို ၂၀၂၀ အကောင်းဆုံးဘောလုံးအသင်း UEFA ထုတ်ပြန်

ဇူလိုင် ၁၅


ယခုအခါ ယူရို ၂၀၂၀ ပြိုင်ပွဲကြီး ဆုံးပြီးနောက် ပြိုင်ပွဲကို ဦးဆောင်ဦးရွက် ပြုကာကျင်းပခဲ့တဲ့ UEFA က အကောင်း ဆုံး ကစားသမားဆု၊ ရွှေဖိနပ်ဆုနဲ့             ပြိုင်ပွဲဝင်အသင်းများမှ  အကောင်း ဆုံး ကစားသမားများ  ရွေးချယ်ကာ အကောင်းဆုံးအသင်းတစ်ခုကို ဖော်ပြ ခဲ့ကြပါတယ်။


အကောင်းဆုံး ကစားသမားဆုနှင့် လူငယ်အကောင်းဆုံး ကစားသမားဆု တို့ကို အီတလီဂိုးသမားဖြစ်သူ ဒေါ်နာ ရမ်မာနဲ့ယှဉ်လျှက် ပက်ဒရီတို့မှရရှိ ခဲ့ကြသည်။   ရွှေဖိနပ်ဆုကိုတော့ ရော်နယ်ဒိုက ပွဲစဉ် ၄ ပွဲမှာ သွင်းဂိုး ၅ ဂိုး သွင်းယူနိုင်မှုနဲ့အတူ ဂိုးရရှိစေရန် ထောက်ပံ့ပေးမှုတစ်ကြိမ်နဲ့   ရရှိခဲ့ပါ တယ်။


ထို့အတူ ယူရို ၂၀၂၀  ပြိုင်ပွဲရဲ့   ပြိုင်ပွဲဝင် အသင်းတိုင်းမှ နေရာလိုက် အကောင်းဆုံး  ကစားသမားများကို ရွေးချယ်ကာ အကောင်းဆုံးအသင်းကို ဖော်ပြရာမှာတော့  ဂိုး  ဒေါ်နာရမ္မာ၊ နောက်တန်း  ဝေါကာ၊  ဘိုနူချီ၊ မက်ဂွိုင်းယား၊  လီယိုနာဒိုစပီနာ ဇိုလာ၊ အလယ်တန်း ဂျော်ဂျင်ဟို၊ ပီရီအီမိုင်လ်းဟော့ပ်ဂျက်၊  ပက်ဒရီ၊ ရှေ့တန်းဖက်ဒရီကိုချီဆာ၊ ရိုမန်းလူကာ ကူနဲ့ ရေဟမ်စတားလင်းတို့ကို ရွေးချယ် ခဲ့ကြပါတယ်။  ဒီလိုရွေးချယ်ရာမှာ UEFA က ယူရိုပြိုင်ပွဲကို လေ့လာစောင့်ကြည့် ရေးအဖွဲ့များနဲ့ ရွေးချယ်ခဲ့ခြင်းဖြစ် ပါတယ်။


ဒီအဖွဲ့ဟာဘောလုံးအားကစားနဲ့ပါတ်သတ်သောနည်းပြများ၊ကစားသမားဟောင်းများဖြင့်ဖွဲ့စည်းထားသည့်မန်ဘာ ၁၆ဦးပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီ ၁၆ ဦးပါ အဖွဲ့မှာ ဝက်စ်ဟန်း ယူနိုက်တက်အသင်းမှ နည်းပြမိုရက်စ်၊ ရော်ဘီကိန်းနှင့်  အင်္ဂလန်နည်းပြ ဟောင်း  ဖေဘီရိုကာပယ်လိုတို့ ပါဝင် ခဲ့ပါတယ်။                                   (SO)






အခြားဆက်စပ်သတင်းများ