နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးလ်ကို အကောင်းဆုံးတောင်ပံ တပ်ပေးလိုက်တဲ့ ပိုင်ရှင်ကြီး

ဇူလိုင် ၁၅


ချဲလ်ဆီးလ် အသင်းပိုင်ရှင် အေဗရာ မိုဗစ်ချ်ကြီးဟာ ဒေါ့မွန်က ဟာလန်းကို ခေါ်ယူချင်တယ်ဆိုရင် ခေါ်ဖို့ မီးစိမ်း ပြလိုက်ပြီး သန်း ၁၅၀ ဘတ်ဂျက်ချပေးလိုက်ပြီလို့သိရပါတယ်။ ၂၀၁၂ ချန်ပီယံလိဂ် ဆုဖလားရပြီးချိန်တုန်းကအသင်းကိုstarplayer တစ်ဦးရောက် ရှိလာခဲ့ပါတယ်။


သူ့ကို မန်ယူ၊ မန်စီးတီးတို့နဲ့အပြိုင် ခေါ်ယူခဲ့ရပြီး နောက်ဆုံးမှာ စတမ်းဖို့ ဘရစ်ချ်ကို ရောက်ရှိလာခဲ့ပါတယ်။ သူကတော့ အသင်းနဲ့ ဆုဖလားတွေရော တစ်ဦးချင်း အောင်မြင်မှုဆုတွေပါရယူ သွားနိုင်ခဲ့တဲ့ ဂန္ထဝင်စာရင်းဝင် အီဒင် ဟာဇတ်ပဲ ဖြစ်ပါတယ်။ အခုဂိုးသွင်း မုဆိုးလေး ဟာလန်း ရောက်လာရင် ဥရောပဘုရင်ခြင်္သေ့ကြီးကို အတောင်ပံ တပ်ပေးသလိုဖြစ်သွားမှာတော့ အမှန်ပဲ။ ၂၀၁၂ တုန်းက ဟာဇတ်အပြောင်းအရွှေ့ ကို မန်ချက်စတာနှစ်သင်းနဲ့ လုခေါ်ရ မယ့် အခြေနေတော့မရှိပါဘူး။ မန်စီးတီး က မက်ဆီကိုလိုက်နေပြီး မန်ယူကတော့ ကမ္ဘာ့အဆင့်တိုက်စစ်မှူး ရက်ဖို့ရှိနေ ပြီးသားမို့  ပြောင်းရွှေ့ကြေးများတဲ့ ဟာလန်းကို ခေါ်မယ်မထင်ပါဘူး။

အသက်၂၀ ပဲရှိသေးတဲ့ ငယ်ရွယ်၊ သန်မာ၊ တိုးအားကောင်း၊ ကန်ချက်ပြင်း ခေါင်းတိုက်ကောင်း  ပင်နယ်တီကန် တာပါသေချာတဲ့ တိုက်စစ်မှုးလေး ဟာလန်းသာ  ရောက်လာရင် ခြင်္သေ့ကြီး  အတောင်ပံပေါက်ပြီး ချဲလ်ဆီးလ်ရဲ့ တိုက်စစ်အားကတော့ အကောင်းဆုံး တိုက်စစ်လို့ပြောရတော့မှာပဲ  ဖြစ်ပါ တယ်။                                              (SO)






အခြားဆက်စပ်သတင်းများ