နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီကြိုခြေစမ်းပွဲမှာ အခြေမလှခဲ့တဲ့ အာဆင်နယ်

ဇူလိုင် ၁၅


အာဆင်နယ်ဟာ အီစတာရုဒ်မှာ စကော့တလန်ကလပ် ဟိုက်ဘာနီယန်း အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ကစားခဲ့ ရာ ၂-၁ ရလဒ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့် သွားခဲ့ပါတယ်။ ဂန်းနားတွေဟာ ပွဲထွက်  လူစာရင်းမှာ အသင်းကြီးကစားသမား အများအပြား ပွဲထွက်လာခဲ့ပြီး လူငယ် တွေအဖြစ် ဂိုးသမား အိုကွန်ဝူနဲ့ ခံစစ် ကစားသမား ဟယ်ရီကလက်ချ်တို့သာ ပါဝင်ခဲ့ပါတယ်။ 

ပွဲချိန် ၂၁ မိနစ်မှာ အိုကွန်ဝူရဲ့ အမှား ကနေ ဟိုက်ဘာနီယန်းက ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒန်နီရယ်မက်ကေးက ဟိုက်ဘာနီယန်း အတွက် ဒုတိယဂိုးကို အနီးကပ်ခေါင်း တိုက်သွင်းယူပေးခဲ့ပါတယ်။ သိပ်မကြာ ခင်မှာပဲ အာဆင်နယ်ရခဲ့တဲ့ ပင်နယ်တီ ကို ပီပီကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဒီဘရောစကီးက ကာကွယ်သွားခဲ့ပါ တယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ လှပတဲ့ တွဲလုံးကနေ ဘယ်လာရင် ဖြတ်တင်ပေး တာကို စမစ်ရိုပိတ်သွင်းနိုင်ခဲ့ပေမယ့် ပွဲပြီးတဲ့ထိ နောက်ထပ်ချေပဂိုး ထပ် မသွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ ရှုံးခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုဟာ အသင်း ပရိသတ်တွေအတွက်တော့ တော်တော် လေးကို စိတ်ပျက်စရာကောင်းနေမှာ သေချာပါတယ်။ 

အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ပြည်တွင်းပွဲတွေကိုသာ ကစားရမှာ ဖြစ်ပေမယ့်လည်း  လုံလောက်တဲ့ အင်အားမရှိသေးပါဘူး။ ခြေစမ်းပွဲ ဖြစ်တာကြောင့် ဖြေသိမ့်စရာရှိပေမယ့် သူတို့အနေအထားနဲ့တော့ အရေးနိမ့် ခဲ့တာက တော်တော်လေးဆိုးရွားခဲ့ ပါတယ်။ ခရွန်ကီရဲ့ ငွေကြေးမထုတ်ပေး မှု၊ ကစားသမားကောင်းတွေရဲ့ ငြင်းပယ် ခံနေရမှုတွေကြောင့် အာဆင်နယ်ရဲ့ အရှိန်အဝါက တဖြည်းဖြည်းကျဆင်း လာခဲ့ပြီဖြစ်ပါတယ်။              

         (SO)






အခြားဆက်စပ်သတင်းများ