နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်နယ်တီမဝင်တဲ့ အင်္ဂလန်အသင်းသားတွေ လူမျိုးရေးခွဲခြားခံရမှုအပေါ် ဟာလန်း ပေါက်ကွဲ

 ဇူလိုင် ၁၄


ယူရို ၂၀၂၀ ဗိုလ်လုပွဲအဖြစ် အီတလီ ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်ကန်ကြတဲ့အနက် မဝင် ခဲ့တဲ့ အင်္ဂလန်အသင်းသား ၃ ဦး လူမျိုးရေးခွဲခြားခံရမှုအပေါ် ဒေါ့မွန် အသင်းတိုက်စစ်မှူး  ဟာလန်းက ပြင်းထန်စွာဝေဖန်သွားပါတယ်။ 


ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဆာကာတို့ရဲ့ ပင်နယ်တီကန်သွင်းချက်တွေ မဝင်ခဲ့ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကစား သမား ၃ ဦးဟာ ဝမ်းနည်းစရာကောင်း လောက်အောင် ပွဲအပြီးမှာ လူမျိုးရေး ခွဲခြားခံခဲ့ရပြီး ဟာလန်းက သူတို့ရဲ့ လွဲချော်မှုအစား ဒီလိုအဆုံးအဖြတ် ကာလမှာ အရေးကြီးတဲ့ပင်နယ်တီ ကန်သွင်းမှုတာဝန်ယူခဲ့တာကို အသိ အမှတ်ပြု  လေးစားသင့်တယ်လို့ ပြောပါ တယ်။


"အခုလိုခေတ်ကြီးမှာ လူမျိုးရေး ခွဲခြားမှုက ဘာလို့ရှိနေတုန်းလဲဆိုတာ ကျွန်တော်တော့ နားမလည်နိုင်ဖြစ်ရ တယ်။ ဒါတွေကို တိုက်ဖျက်ဖို့လည်း ကျွန်တော်တို့ ဘယ်တော့မှ မမောပန်း တဲ့  ပုံစံမျိုးနဲ့ကြိုးစားနေပါတယ်။ သူတို့ကို အဲဒီလိုလူမျိုးရေးခွဲခြားနေမယ့် အစား သတ္တိရှိမှု၊ ရဲရင့်မှုတွေအတွက် ချီးကျူးသင့်ပါတယ်"လို့ ဟာလန်းက ပြောပါတယ်။ ဟာလန်းရဲ့ ဒေါ့မွန် အသင်းဖော်လည်းဖြစ်၊ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းသားလည်း ဖြစ် ခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဘယ်လင် ဂမ်က ဒီလိုလူမျိုးရေးခွဲခြားမှုတွေ မရှိ သင့် တော့ကြောင်း ပြောပါတယ်။ ဘယ်လင်ဂမ်ဟာ ဗိုလ်လုပွဲမှာ ပါဝင် ကစားခွင့်မရ ခဲ့ပေမယ့် ပင်နယ်တီမဝင် ခဲ့တဲ့ အသင်းဖော်တွေကို နှစ်သိမ့်အား ပေးခဲ့ပြီး ဆာကာမှာ  သူ့ရဲ့ အင်စတာ ဂရမ် အကောင့်ကနေ လူမျိုးရေးခွဲခြား မှုတွေ ခံခဲ့ရပါတယ်။                      (SO)






အခြားဆက်စပ်သတင်းများ