နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
The 149th Open ဂေါက်သီးရိုက်ပြိုင်ပွဲမှ ဂျပန်ဂေါက်သီးရိုက်ကစားသမား မက်ဆူယာမာ နုတ်ထွက်

ဇူလိုင် ၁၄


အင်္ဂလန်နိုင်ငံ၊ ကန့်ကောင်တီ၌ ဇူလိုင် ၁၅ ရက်တွင် စတင်ကျင်းပမည့် The 149th Open ဂေါက်သီးရိုက်ပြိုင်ပွဲ မှ ဂျပန်ဂေါက်သီးရိုက်ကစားသမား မက်ဆူယာမာ  နုတ်ထွက်ခဲ့ကြောင်း သိရသည်။


ဂျပန်အဆင့် (၁) ဂေါက်သီးရိုက် ကစားသမားအဖြစ် ရပ်တည်နေသည့် မက်ဆူယာမာသည် ယင်းဂေါက်သီးရိုက် ပြိုင်ပွဲဝင်ရန်အတွက် COVID-19 ရောဂါ စစ်ဆေးမှု ခံယူရာတွင် Positive ရလဒ် ထွက်ပေါ်ခဲ့သောကြောင့် ပြိုင်ပွဲ မှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။


ယင်းသည် ဇူလိုင် ၁ ရက်မှ ၄ရက်အထိ  အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်၌ ကျင်းပခဲ့သည့် Rocket Mortgage Classic ဂေါက်သီးရိုက်   ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်စဉ် COVID-19 ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲမှ မက်ဆူယာမာ နုတ်ထွက်ခဲ့သည့်အတွက် ပြိုင်ပွဲကျင်းပ ရေးကော်မတီက ယင်း၏နေရာတွင် အမေရိကန် ဂေါက်သီးရိုက်ကစားသမား ဟားရိုးဗာနာနှင့် အစားထိုးခဲ့ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ