နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မာနေးလ်ကို မျက်စိကျနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ဇူလိုင် ၁၄


Thehardtackle.com ဝက်ဘ်ဆိုဒ် က ထွက်ပေါ်လာတဲ့  သတင်းအရ လာလီဂါအသင်းကြီး ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်း အားဖြည့်လုပ်ဆောင်ဖို့ လီဗာပူးလ် အသင်းကစားသမား ဆာဒီရိုမာနေးကို မျက်စိကျလျက်ရှိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ရီးရဲလ်အသင်းက နှစ်ရှည်ခေါ်ယူဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီ အသင်းက အမ်ဘာပေလိုပဲ ဆီနီဂေါ တောင်ပံကစားသမား ဆာဒီရိုမာနေးကို စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။ 


ကစားသမားကို ခေါ်ယူဖို့ကတော့ ခက်ခဲမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ ဟယ်ရီကိန်း၊ စတာလင်နဲ့ ရောဘတ် လီဝန်ဒေါစကီးတို့မရခဲ့ရင် နောက်ထပ် ရွေးချယ်မှုအဖြစ် လီဗာပူးလ်တောင်ပံ ကစားသမား မာနေးကို မျက်စိကျနေ တာပဲ ဖြစ်ပါတယ်။ 


အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားရဲ့  တန်ကြေးဟာ အနည်းငယ်ကျသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မမှန်းဆနိုင် လောက်တဲ့ နည်းပြဂျာဂင်ကလော့ဟာ ဒီနွေအပြောင်းအရွှေ့မှာ အသင်းရဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ယောက်ကိုရောင်းချဖို့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ အသင်းက ကစားသမားကို ရောင်းချဖို့ ပေါင်သန်း ၆၀ အထက် တိုးမြှင့်အလိုရှိနေတာလို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အသင်းနဲ့ လမ်းခွဲဖို့ တွန်းအားပေးခဲ့တဲ့ ကစား သမားကိုရောင်းချလို့ရချိန်မှာ ရရှိလာမဲ့ ငွေပမာဏကို နောက်ထပ်ကစားသမား ခေါ်ယူဖို့ ရှိ၊ မရှိ ဆိုတာ ရှင်းလင်းမှုရှိမနေ ကြောင်း ဝက်ဘ်ဆိုဒ်မှာရေးသားထား ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ