နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ္စာဖောက်လို့စွပ်စွဲခံရတဲ့ Barcelona B ရဲ့ အသင်းခေါင်းဆောင် ဂျာဒီ

ဇူလိုင် ၁၄


ရီးရဲလ်မက်ဒရစ်အသင်းကတော့ စပိန်လာလီဂါ အင်အားကြီးကလပ် မဟာပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ လူငယ်အသင်းဖြစ်တဲ့ Barcelona B အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်သူ ဂျာဒီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။


အသက် ၁၉ နှစ်အရွယ် Barcelona B အသင်းရဲ့ ခေါင်းဆောင် ဂျာဒီဟာ          ပင်ကိုယ်ခြေစွမ်းကောင်းမွန်သူတစ်ဦး ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင် နေရတာကြောင့် ဂျာဒီကို စာချုပ်သစ်  ထပ်မချုပ်နိုင်ပဲ အလွတ်ပြောင်းရွှေ့  ကြေးနဲ့ ထွက်ခွာခွင့်ပြုခဲ့ရတာပါ။ 


လက်ရှိမှာတော့ ဂျာဒီရဲ့ အပြောင်း အရွှေ့နဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေနဲ့ ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေကြားမှာ အငြင်း အခုန်တွေဖြစ်နေကြပြီး ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေကတော့ ဂျာဒီ ကို သစ္စာဖောက်လို့ စွပ်စွဲနေကြပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ