နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တိုင်းသားကို ခေါ်ယူနိုင်ခဲ့တဲ့ အက်သလက်တီကို

ဇူလိုင် ၁၄


ကိုပါအမေရိက ဖလားပြိုင်ပွဲ ဘရာဇီးလ်နဲ့ ဗိုလ်လုပွဲမှာ အာဂျင် တီးနားအတွက် ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုး ကို ဒီမာရီယာ သွင်းယူနိုင်အောင် ကွင်းလယ်ကနေ   ဖန်တီးပေးပြီး ဆုဖလားရယူနိုင်အောင် ကူညီပေး နိုင်ခဲ့တဲ့ ကွင်းလယ်လူ ဒီပေါလ်ကို အက်သလက်တီကိုတို့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။


အူဒီနီးစ်ကွင်းလယ်တိုက်စစ် ကစား သမားအတွက် အက်သလက်တီကိုက ယူရို ၃၅ သန်းအထိ ပေးချေခဲ့ရတယ်လို့ လည်း သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမားကို ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး နည်းပြဆီမြွန်နီက မြန်မြန် ဆန်ဆန်ပဲ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပေါလ်ဟာ အာဂျင်တီးနားရဲ့အဓိက ကစားသမားဖြစ်ပြီး မက်ဆီနဲ့လည်း အပေးအယူမျှတအောင် ကစားပေးနိုင် ခဲ့သူဖြစ်ပါတယ်။


"စပိန်လာလီဂါချန်ပီယံအသင်းကို ပြောင်းရွှေ့နိုင်ခဲ့ပါပြီ။ ဒါက ကြီးမားတဲ့ အခွင့်အရေးဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော့်ကစားသမား ဘဝအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ခု ပါပဲ"လို့ ဒီပေါလ်က ပြောဆိုခဲ့ပါတယ်။ ဒီပေါလ်ကတော့  စပိန်ကလပ် ဗလန်စီယာမှာလည်း ကစားခဲ့ဖူးတယ် လို့ သိရပါတယ်။ ဒီအတွက်ကြောင့် လာလီဂါအတွေ့အကြုံလည်း ရှိထားပြီး နောက်တစ်ကြိမ် စပိန်မြေကိုခြေချနိုင် ခဲ့ပါတယ်။


"ဆီမြွန်နီ လက်အောက်မှာ ကစား ရမှာကို ကျွန်တော်ကျေနပ်ပါတယ်။ သူ့ရဲ့  လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တာကိုကြည့်ပြီး ကျွန်တော် ကြီးပြင်းလာခဲ့ရတာပါ"လို့ ဒီပေါလ်က ပြောခဲ့ပါတယ်။ ဒီပေါလ်ကို ကမ်းလှမ်းမှု တွေပြုလုပ်ခဲ့ကာ နှစ်ဘက်အသင်းကြား မှာ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရ  ပါတယ်။                                      (SO)






အခြားဆက်စပ်သတင်းများ