နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရော်နယ်ဒို ပထမဆုံးနိုင်ငံအသင်းနဲ့ရတဲ့ ရွှေဖိနပ်ဆု

ဇူလိုင် ၁၃


ယူရိုပြိုင်ပွဲ ပြီးသွားချိန် မှာတော့ ရော်နယ်ဒိုဟာ အားလုံး ထင်ထားတဲ့အတိုင်း ရွှေဖိနပ် ဆု ရသွားခဲ့ပါပြီ။ ခေတ်ပြိုင် ကစားသမားကြီး မက်ဆီက နိုင်ငံအသင်းနဲ့   ပထမဆုံးဆု ဖလားကိုရခဲ့အပြီးမှာ ရော်နယ်ဒို က  နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ ပထမဆုံးအကြိမ် ရွှေဖိနပ်ရရှိ ခဲ့တာ ဖြစ်ပါတယ်။ 


ရော်နယ်ဒိုဟာ  ဒီနှစ်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ အတူ ပထမဆုံး စီးရီးအေရွှေဖိနပ်ဆု ရခဲ့သလို အခုလည်း ပထမဆုံး ယူရို ရွှေဖိနပ်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ပေါ်တူဂီ အသင်းနဲ့အတူ ၄ ပွဲကစားခဲ့ပြီး  ၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု တစ်ကြိမ် စွမ်းဆောင်နိုင်ခဲ့ပြီး ရှုံးထွက် အဆင့်မှာ   ပြုတ်ကျန်ခဲ့တဲ့ အသင်းကနေ ရွှေဖိနပ်ဆုရခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာ ခဲ့ပါတယ်။ 


အသက် (၃၆) နှစ် ကျော်လာပြီဖြစ်တဲ့ ကစား သမား တစ်ဦးဟာ  တစ်နှစ်အတွင်း ရွှေဖိနပ်ဆု (၂) ခုရယူနိုင်ခဲ့တာ ကတော့ လေးစားစရာပဲ ဖြစ်ပါ တယ်။                             (SO)






အခြားဆက်စပ်သတင်းများ