နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆမ်ဒိုးရီးယားအသင်း ကွင်းလယ်ကစားသမား ဒမ်းစ်ဂတ်ကို ယူရို ၃၄ သန်းခန့်ရရှိမှသာ ရောင်းချမည်

 ဇူလိုင် ၁၃


ဆမ်ဒိုရီးယားအသင်းက ကွင်းလယ်ကစားသမား ဒမ်းစ် ဂတ်ကို   ပြောင်းရွှေ့ကြေး ယူရို ၃၄ သန်းခန့်ရရှိမှသာ ရောင်းချမည်ဟု ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။


အသက် ၂၁ နှစ်အရွယ်ရှိ ဒမ်းစ်ဂတ်သည်   ပြီးခဲ့သည့် ဘောလုံးရာသီက ဆမ်ဒိုးရီးယား အသင်းတွင် ခြေစွမ်းပြကစား နိုင် ခဲ့သောကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ဒိန်းမတ်အသင်း၌ ရွေးချယ်ခံခဲ့ရသည်။


ဒမ်းစ်ဂတ်သည် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ဒိန်းမတ်အသင်းနှင့် အတူ ခြေစွမ်းပြသနိုင်ခဲ့သည့် အတွက် ဥရောပထိပ်တန်း အသင်းကြီးများက ခေါ်ယူ ရန် စောင့်ကြည့်နေကြောင်း သတင်းများ  ထွက်ပေါ်ခဲ့ပြီး နောက် ဆမ်ဒိုးရီးယားအသင်း က ယင်းအတွက် ပြောင်းရွှေ့ ကြေး  ယူရို ၂၄ သန်း သတ်မှတ်ခဲ့ သည်။ သို့သော် ယခုအခါတွင် ယင်းပြောင်းရွှေ့ကြေးကို တိုးမြှင့် ၍ ၃၄ သန်း ထပ်မံသတ်မှတ် ခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင် ဒမ်းစ်ဂတ် ကို လီဗာပူးအသင်းမှ ထွက်ခွာ သွားသည့်  ဝင်နယ်လ်ဒမ်၏ နေရာတွင်  အစားထိုးရန်စီစဉ် နေသကဲ့သို့   စပါးအသင်းက လည်း ကမ်းလှမ်းရန် ပြင်ဆင်နေ ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ