နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီကိုပင်နယ်တီနဲ့ရှုံးနိမ့်ပြီးနောက် မိမိမှာတာဝန်ရှိကြောင်း ဆောက်ဂိတ် ဝန်ခံ

ဇူလိုင် ၁၃


အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ အီတလီအသင်း ကို အရေးနိမ့်ခဲ့ရတဲ့အတွက် မိမိမှာ တာဝန်အပြည့်ရှိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ မိနစ် ၁၂၀ အထိ သရေကျနေခဲ့တာ ကြောင့် အီတလီနဲ့အင်္ဂလန်အသင်းတို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။ 


လုခ်ရှောက အင်္ဂလန်အသင်းအတွက် ပွဲအစ ၂ မိနစ်ခန့်မှာ ဦးဆောင် ဂိုးသွင်းယူပေးခဲ့ပေမယ့် ဘိုနူချီက ချေပဂိုးပြန်လည်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပစ်ဖို့ဒ် ပင်နယ်တီ ၂ ကြိမ်ကာကွယ်နိုင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ် ၊ ဆန်ချို နဲ့ ဆာကာတို့ရဲ့ပင်နယ်တီလွဲချော်မှုကနေ အီတလီ အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။


“ကျွန်တော်တို့ သေချာလေးပြင်ဆင်ခဲ့ကြပါတယ်။ ဒါပေမယ့် အရေးနိမ့်ခဲ့တာက ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ပင်နယ်တီကန် ဖို့က ကျွန်တော် ရွေးချယ်ပေးလိုက်တာပါ။ မှန်ကန်တဲ့ ပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ အရေးနိမ့်ခဲ့ပါတယ်။အမှားတွေ အားလုံးအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ သူတို့လေးတွေ           က လေ့ကျင့်ခန်းအစီအစဉ်မှာလည်း ကြိုးစားခဲ့ကြပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်.။


အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းကလည်း အသင်းရဲ့ အားထုတ်မှုကို ဂုဏ်ယူနေပါတယ်။ “ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာက နာကျင်စေပါတယ်”လို့ ဟာရီကိန်းက ပြောကြား ခဲ့ပါတယ်။                                                                        

 (SO)






အခြားဆက်စပ်သတင်းများ