နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုပါအမေရိကဆုဖလားနဲ့အတူ ဂိုးသွင်းဘုရင်၊ အကောင်းဆုံးကစားသမားဆုပါ သိမ်းပိုက်ခဲ့တဲ့ မက်ဆီ

ဇူလိုင် ၁၂


ကိုပါအမေရိကဖလားကို အာဂျင်တီးနားနဲ့အတူ ရယူပိုင်ဆိုင်ခဲ့တဲ့ မက်ဆီဟာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုနဲ့ ဂိုးသွင်းဘုရင်ဆုတွေ ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်ကို ၁-၀ ရလဒ် နဲ့ အနိုင်ရခဲ့တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ နိုင်ငံအသင်းနဲ့အတူ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ 


ဗိုလ်လုပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အုပ်စုအဆင့်နဲ့ ရှုံးထွက်ပွဲတွေမှာ ခြေစွမ်းပြခဲ့ပါတယ်။ ဖန်တီးပေးမှု အကြိမ်ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲတစ်လျှောက် မှာ အာဂျင်တီးနားက သွင်းဂိုး ၁၂ ဂိုးရရှိခဲ့ရာမှာ မက်ဆီ က ၄ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပေးပြီး သွင်းဂိုး ၉ ဂိုး အထိ တိုက်ရိုက်ပါဝင် ပတ်သက်နိုင်ခဲ့ပါတယ်။ မက်ဆီ နဲ့အတူ ကိုလံဘီယားကစားသမား ဒီယက်ဇ်က သွင်းဂိုး တူညီနေခဲ့ပေမယ့်လည်း ဂိုးဖန်တီးမှုမှာ မက်ဆီက သာလွန်နေခဲ့လို့ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့တာဖြစ် ပါ တယ်။

 

မက်ဆီဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ဆုကိုလည်း နေမာနဲ့ အပြိုင်အဆိုင်ဖြစ်ခဲ့ပြီးမှ အသာစီးရယူ နိုင်ခဲ့ကာ အကောင်းဆုံးဆုတွေကိုပါ သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ လက်ရွေးစင်ကစားသမား ဘဝ ဆယ်စုနှစ်တစ်ခုအကျော်မှာ ပထမဆုံးရရှိတဲ့ ဆုဖလားဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်မှာမှ ရရှိခဲ့လို့ လည်း ပိုပြီးတန်ဖိုးထားစရာဖြစ်လာခဲ့ရပါတယ်။  

  (SO)







အခြားဆက်စပ်သတင်းများ