နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယ်သာလန်အား တတိယအကြိမ် ကိုင်တွယ်တော့မယ့် လူးဝစ်ဗန်ဟား

ဇူလိုင် ၁၂ ပြည်တွင်းရှိ သတင်းတွေမှာတော့ လူးဝစ်ဗန်ဟားဟာ နယ်သာလန်အသင်းကို တတိယအကြိမ်မြောက် ပြန်လည်ကိုင်တွယ် ဖို့အတွက် နီးစပ်လာပြီလို့ ဖော်ပြနေကြ ပါတယ်။ အသက် ၆၉ နှစ်အရွယ် နည်းပြကြီး ဟာ ပေါ်တူဂီရှိ သူ့ရဲ့နေအိမ်မှာ KNVB ရဲ့ ဒါရိုက်တာ နီကိုဂျန်ဟိုဂ်မာ၊ အဲရစ်ဂတ်ဒီ တို့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နယ်သာလန်အသင်းဟာ ဇွန် ၂၇ရက် ယူရို ၂၀၂၀ ရဲ့ ၁၆ သင်းအဆင့်မှာ ချက် အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒီဘိုးဝါး ဟာ နည်းပြအဖြစ်မှ ထုတ်ပယ်ခြင်း ခံလိုက် ရပါတယ်။ နယ်သာလန်အသင်း ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် စက်တင်ဘာလမှာ ပြန်လည်ပြင်ဆင် ရ တော့မှာဖြစ်လို့ နည်းပြရာထူးကို အစားထိုးခန့်အပ်ဖို့ နယ်သာလန်ဘောလုံး အဖွဲ့ချုပ်က စီစဉ်နေတာဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းအား နှစ်ကြိမ်ကိုင်တွယ်ခဲ့တဲ့ ဗန်ဟားဟာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ နည်းပြဘဝကနေ အနားယူ ခဲ့ကာ ဘောလုံးလောကနှင့် ဝေးကွာနေတာ က ၂ နှစ်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် မှာ နယ်သာလန်ဟာ ကမ္ဘာ့ဖလားခြေစစ် ပွဲကို မအောင်မြင်ခဲ့ပေမယ့် ပြန်လည် ကိုင်တွယ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တွင် အောင်မြင်မှု များရရှိခဲ့ကာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားတွင် တတိယနေရာရရှိခဲ့ပါတယ်။ သူဟာ ဘာစီလိုနာအသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့သလို ဘိုင်ယန် မြူးနစ်နှင့်အတူ ဘွန်ဒက်စ်လီဂါ ဆုဖလားကိုပါ ရရှိခဲ့ပါတယ်။ “နယ်သာလန် နည်းပြအဖြစ် ပြန်လည်ခန့်အပ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ ရတာက ဂုဏ်ယူဖို့ကောင်းပါတယ်” လို့ ဗန်ဟားက ပြောဆိုထားပါတယ်။ (SO)






အခြားဆက်စပ်သတင်းများ