နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဈေးပေါပေါနဲ့ ရောင်းထုတ်ခြင်းခံလိုက်ရတဲ့ ချဲလ်ဆီးအသင်းတိုက်စစ်မှူး ဂျီရော့

 ဇူလိုင် ၁၂


Goal.Com သတင်းဌာနမှ ဖော်ပြချက်အရဆိုရင် အေစီမီလန် အသင်းဟာ ချဲလ်ဆီးအသင်း တိုက်စစ် မှူးဖြစ်သူ   ဂျီရော့ကို ယူရိုငွေ ၂ သန်း ဖြင့်ခေါ်ယူရန်  ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှု  ရခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အေစီမီလန်အသင်း ဟာဂျီ ရော့နှင့်ပတ်သက်ပြီး ငွေပေးချေရာ မှာတော့ ဦးစွာပထမ ယူရို ၁ သန်းကို ပေးချေရမည်ဖြစ်ပြီး ကျန်ရှိတဲ့ ယူရို ၁ သန်းကိုတော့ ဂျီရော့အနေဖြင့် အေစီမီလန်သို့ရောက်ရှိပြီး နောက်ပိုင်း ခြေစွမ်းပြ ကစားနိုင်မှုအပေါ် မူတည်ကာ ထပ်မံပေးချေရမယ်လို့ သဘောတူညီ ချက်ဖြင့် ပေးချေရမည် ဖြစ်ပါတယ်။


ဒါကြောင့် ချဲလ်ဆီးနှင့် အေစီမီလန် အကြား လက်ကျန်ငွေ ယူရို ၁ သန်း မှာ ဂျီရော့၏ အေစီမီလန်တွင် ကစား သည့် စွမ်းဆောင်မှုအပေါ်တွင်မူတည် နေပါတယ်။ ဂျီရော့ဟာ ချဲလ်ဆီးဘက် မှ လိုလိုလားလားပင်  စာချုပ် သက်တမ်း ၁ နှစ်ကို ယူရိုပြိုင်ပွဲ မစခင်ကပင် လာမည့်နှစ်ဘောလုံး ရာသီကုန်သည်အထိ တစ်နှစ်သက်တမ်း တိုးခဲ့ပါတယ်။  အခုအခါမှာတော့ ချဲလ်ဆီးဟာ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဂျီရော့ကို လာမည့်နှစ်ဘောလုံးရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ခြင်း မပြုနိုင်တာကြောင့် အခုလိုအေစီမီလန် ထံ ရောင်းထုတ်ခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဂျီရော့ဟာ အေစီမီလန်မှာ ၂ နှစ်သက်တမ်းရှိ စာချုပ်ဖြင့် ရှိနေရ တော့မှာ ဖြစ်ပါတယ်။                   (SO)







အခြားဆက်စပ်သတင်းများ