နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းဘဏ္ဍာရေးကြောင့်တိုက်စစ်မှူးသစ် မခေါ်ဖို့ များတယ်လို့ ဂွါဒီယိုလာ ဝန်ခံ

‌ဇူလိုင် ၁၁


မန်စီးတီးအသင်းဟာ  စပါးအသင်းနဲ့လမ်းခွဲတော့မယ်လို့ လူသိရှင်ကြားထုတ်ဖော် ပြောဆိုထားတဲ့ တိုက်စစ်မှူးဟာရီကိန်းကို ပေါင်သန်း ၁၀၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် စပါးအသင်းကပယ်ချခဲ့ပြီး ရောင်းမှာမဟုတ်ဘူးလို့လဲ သတင်းထွက်နေပါတယ်။ အဂွဲရိုးရဲ့နေရာကိုဖြည့်ဖို့ ဂွာဒီယိုလာဟာတိုက်စစ်မှူးသစ်တစ်ဦးခေါ်ဖို့ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းကိုဗစ်ရောဂါဆိုး ကြောင့်အသင်းရဲ့ဘဏ္ဍာရေး  အခြေအနေထိခိုက်မှုတွေ ရှိလာတဲ့အတွက် တိုက်စစ်မှူးသစ်တစ်ဦးခေါ်ဖို့က အခွင့် အရေးနည်းပါးနေပြီလို့ Catalannet work TV3 ရုပ်သံနဲ့အင်တာဗျူးမှာ ဂွါဒီယိုလာကဝန်ခံပြောဆိုခဲ့ပါတယ်။“ကလပ်အသင်းတွေက သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေး တွေအရ တိုက်စစ်မှူးတွေခေါ်ယူဖို့မဖြစ်နိုင်တော့ပါဘူး။ အဲဒီလောက်ပမာဏအထိ ကျွန်တော်တို့ငွေကြေးသုံးစွဲနိုင်မယ့်အနေအထားမရှိပါဘူး။ အသင်းတိုင်းဟာဘဏ္ဍာ ရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကျွန် တော်တို့လည်းထူးမခြားနားပါပဲ။ကျွန်တော်တို့အသင်းတိုက်စစ်မှာ ဂျေးဆု၊ဖာရန်တောရက်စ်တို့လိုကစားသမားကောင်းတွေရှိနေပြီး အကယ်ဒမီကအရည်အသွေးမြင့် လူငယ်လေးတွေနဲ့ ပွဲတော် တော်များများမှာ ကစားခဲ့ပါတယ်။ ဒါကြောင့်လာမယ့်ရာသီမှာ တိုက်စစ်မှူးသစ်မခေါ် ဖို့အခြေအနေပိုများနေပါပြီ”။ မန်စီးတီးအသင်းဟာ အခုနွေရာသီဈေးကွက်ထဲမှာ ကြီးကြီးမားမားအပြောင်းအရွှေ့ တစ်ခုမှမလုပ်ရသေးဘဲ အကယ်ဒမီအသင်းအတွက် လူငယ်ကစားသမား‌တွေ ခေါ်ယူတာမျိုးသာရှိနေတာဖြစ်ပါတယ်။                   (SO)






အခြားဆက်စပ်သတင်းများ