နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ပေါင်း ၂၀ ကျော်ကြာ ဝေးကွာနေသည့် ဆုဖလားကို ရယူနိုင်ခဲ့သည့် အာဂျင်တီးနား

‌ဇူလိုင် ၁၁


ကိုပါအမေရိကဖလား  ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ယနေ့နံနက် ၆ နာရီခွဲအချိန်က အာဂျင်တီးနား နှင့် ဘရာဇီးလ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ အာဂျင်တီးနားက ဘရာဇီးလ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပွဲစဉ်တွင် နှစ်သင်းစလုံးက ကစားသမား အစုံအလင်ဖြင့် ပွဲထွက် လာခဲ့ပြီး ဗိုလ်လုပွဲစဉ်ဖြစ်သည်နှင့် အညီ ပထမပိုင်းပွဲစကတည်းက နှစ်သင်း စလုံးက အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပြီး  ပွဲကပြိုင်ဆိုင်မှု ပြင်းထန် ခဲ့သည်။


အာဂျင်တီးနားအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၂ မိနစ်မှာ ဒီမာရီယာက သွင်းယူပေး ခဲ့သည်။ ဘရာဇီးလ်အသင်းက ဂိုးပေး ရပြီးနောက်ပိုင်း အာဂျင်တီးနားအသင်း ဘက်ကို တရစပ် ဖိအားပေး တိုက်စစ် ဆင်ကစားခဲ့ပြီး ဂိုးရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း အာဂျင်တီးနား အသင်း၏   ခံစစ်က အကြိမ်ကြိမ် ဖျက်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။


ဒုတိယပိုင်းမှာလည်း ဘရာဇီးလ် အသင်းက ချေပဂိုးပြန်လည် ရရှိရေး အတွက် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာ တောင်ပံကစားသမား ရီချာလီဆင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း လူကျွံဘောအဖြစ် သတ်မှတ်ခဲ့သော ကြောင့် အာဂျင်တီးနားအသင်း သက် သာရာရခဲ့သည်။


လက်ကျန်မိနစ်များမှာ နှစ်သင်း စလုံးက ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပထမပိုင်းရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့ကာ မက်ဆီ၏ အာဂျင်တီးနားအသင်းက ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။


အဆိုပါ ဆုဖလားသည် အာဂျင် တီးနားအသင်းအတွက် ၁၉၉၃ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်  ပြန်လည် ရယူနိုင်ခဲ့သည့် ဆုဖလားဖြစ်ကြောင်း သိရသည်။                             (သူရိန်)






အခြားဆက်စပ်သတင်းများ