နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ဘာစီလိုနာရောက်ပြီး လစာ လျှော့ချခံရ ကစားခွင့်လဲမသေချာတဲ့ဒီပေး

ဇူလိုင် ၁၁

 

မမ်းဖစ်ဒီပေးဟာလိုင်ယွန်နဲ့ စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဇူလိုင်လ ၁ ရက်နေ့မှာပဲ ဘာစီလိုနာကစားသမား အဖြစ် တရားဝင်ကြေညာခဲ့ပြီး၂ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာစာချုပ်ချုပ်ဆိုပြီး သုံးပတ် အကြာမှာ မမ်းဖစ်ဒီပေးရဲ့လစာကိုလျှော့ ချသွားဖို့စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။  ဒါပေမဲ့ ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခက်အခဲ တွေကြောင့် ဒီပေးရဲ့တစ်နှစ်လစာ ပေါင် ၆ သန်းကနေ ၃၀ ရာခိုင်နှုန်း ဖြတ်တောက်ထားတဲ့ တစ်နှစ်ပေါင်     ၄ ဒသမ၄ သန်းကို ပြောင်းလဲသွားဖွယ် ရှိနေပါတယ်။ ကစားသမားသစ်တွေ ဖြစ်တဲ့ အာဂျီယိုအဂူရို၊အဲရစ်ဂါစီယာနဲ အီမာဆင်တို့လည်း လစာလျှော့ချခံရနိုင် ပါတယ်။ ဘာစီလိုနာရဲ့ ဘဏ္ဍာရေး ပြဿနာ ဆိုးရွားနေမှုနဲ့လာလီဂါရဲ့ လက်ရှိလစာကန့်သတ်မှုတွေကြောင့် ဘာစီလိုနာအနေနဲ့ကစားသမားတချို့ ကိုရောင်းထုတ်ရဖွယ်ရှိနေပါတယ်။ လာပေါ်တာအနေနဲ့ ကစားသမားသစ် တွေမခေါ်ယူမီ အနည်းဆုံး ပေါင်သန်း ၂၀၀ ခန့်အသားတင်ငွေရှိဖို့လိုတာ ကြောင့် လက်ရှိအသင်းလက်မဲ့ဖြစ်သွား ပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီကို စာချုပ် သစ်ကမ်းလှမ်းနိုင်ဖို့  အခက်အခဲ ကြီးကြီးမားမားနဲ့  ရင်ဆိုင်နေရပါတယ်။ လာမယ့်လအနည်းငယ်အတွင်း ဝင်ငွေ မရှိဘူးဆိုရင်တော့ ဒီပေး၊ အဂူရို၊ ဂါစီ ယာနဲ့ အီမာဆင်တို့အားလုံး ဘာစီ လိုနာ ကစားသမား ဖြစ်နေပေမယ့် အသင်း အတွက် ကစားခွင့် ရရှိမှာ မဟုတ်ဘူးလို သိရပါတယ်။                              (SO)






အခြားဆက်စပ်သတင်းများ