နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရော်နယ်ဒိုနဲ့ဟာရီကိန်း ရွှေဖိနပ်ဆုတိုက်ပွဲ

‌ဇူလိုင် ၁၁


ယူရို ၂၀၂၀ ပြိုင်ပွဲမှာ လက်ရှိ ပွဲကစားဖို့မကျန်တော့တဲ့ ပေါ်တူဂီ တိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒိုက ၅ ဂိုးနဲ့ သွင်းဂိုးအများဆုံးအဖြစ် ဦးဆောင် နေခဲ့ပါတယ်။ အင်္ဂလန်က ဟာရီကိန်း ကတော့ပွဲကစားဖို့ တစ်ပွဲကျန်နေချိန် မှာ သွင်းဂိုး ၄ ဂိုးရရှိထားပါတယ်။ ဒါပေမဲ့ ယူအီးအက်ဖ်အေရဲ့ စည်း မျဉ်းအရ ရော်နယ်ဒိုက ဂိုးဖန်တီးမှု ပိုသာတဲ့အတွက် ထိပ်ဆုံးမှာ ရှိနေပါ တယ်။ UEFA ရဲ့ စည်းမျဉ်းအရ သွင်းဂိုး တူရင်၊ဂိုးဖန်တီးမှု၊ ထပ်တူရင် ပွဲကစား ချိန်ပိုနည်းတဲ့ကစားသမားကိုပေးတာ ဖြစ်တဲ့အတွက် ရော်နယ်ဒိုက အားသာ နေခဲ့တာပါ။ ဟာရီကိန်းက ၄ ဂိုးရ ထား ပေမဲ့ Assist မရသေးသလိုပွဲကစား ချိန်လည်း  ပိုများနေတာကြောင့် အီတလီကို ၂ ဂိုးသွင်း (သို့မဟုတ်) ၁ ဂိုးသွင်း ၂ ဂိုးဖန်တီး လုပ်နိုင်မှပဲ ရွှေဖိနပ်ဆုရပါလိမ့်မယ်။ စတားလင်း ကတော့ လက်ရှိမှာ ၃ ဂိုးသွင်း ၁ ဂိုး ဖန်တီးဖြစ်ထားတာကြောင့် အီတလီ ကို ဟက်ထရစ်သွင်းမှပဲ ရွှေဖိနပ်ရ တော့မှာပါ။ ဒါကြောင့် ရော်နယ်ဒို တစ်ယောက်   ကစားသမားဘဝရဲ့ ပထမဆုံး  ယူရိုရွှေဖိနပ်ဆုကို သူ့ရဲ့ နောက်ဆုံး ယူရိုပြိုင်ပွဲမှာ ရယူသွားနိုင် မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ (SO)






အခြားဆက်စပ်သတင်းများ