နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျော်ဂျင်ဟိုရဲ့ တန်ကြေးကို စျေးသတ်မှတ်လိုက်တဲ့ အေးဂျင့်

‌ဇူလိုင် ၁၁


ချဲလ်ဆီးအသင်း ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့ရာမှာ ဂျော်ဂျင်ဟိုဟာ ကွင်းလယ် ပိုင်းမှာ ခြေစွမ်းပြသခဲ့ပါတယ်။ ဒီယူရိုပြိုင်ပွဲမှာလည်း အီတလီအသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ဗိုလ်လုပွဲရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အီတလီအသင်း ယူရိုဖလား ဆွတ်ခူးရရှိသွားပါက ဘလွန်းဒီအောနဲ့ ထိုက်တန် သူဖြစ်ကြောင်း သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဂျော်ဂျင်ဟိုဟာ ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးရာ သူ့ကိုခေါ်ယူ လိုသူတွေက စျေးနှုန်းအကြောင်း အေးဂျင့်ဖြစ်သူ ဆန်းတို့စ်ထံ စုံစမ်းလာ ကြပါတယ်။ ဆန်းတို့စ်က Radio Marte သတင်းဌာနမှာ “ဂျော်ဂျင်ဟိုဟာ ချန်ပီယံလိဂ်ရခဲ့ တယ်။ ခြေစွမ်းလည်း ကောင်းလွန်းတယ်။ တနင်္ဂနွေနေ့ညမှာဆိုရင် ယူရိုဖလား ပါ ရနိုင်သေးတယ်။ ပြီးတော့ ဘလွန်းဒီအော ဆန်ခါတင်စာရင်းထဲမှာလည်း ပါဝင် လာနိုင်သူဖြစ်တယ်။ ကစားသမားအတွက် လက်ရှိပေါက်စျေးဟာ ယူရိုသန်း ၅၀ ပတ်ဝန်းကျင် ရှိပါတယ်၊ လောလောဆယ်တော့ ကျွန်တော့်ကစားသမားဟာ ယူရိုဖိုင်နယ်အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ဒီလိုဖြစ်လာဖို့ နှစ် ၂၀ ကြာအောင် သူစောင့်နေခဲ့ရတာပါ” ဟူ၍ ပြောကြားလိုက်ပါတယ်။ သို့ဖြစ်ရာ ချဲလ်ဆီးကလည်း ဂျော်ဂျင်ဟိုကို ကာလရှည်စာချုပ် ထပ်မံချုပ်ဆိုမယ့် ပုံပါပဲ။                                           (SO)






အခြားဆက်စပ်သတင်းများ