နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးပစ်မှတ်ကို စိတ်ကျေနပ်စရာရှိရင် ရောင်းပေးမယ့် ဝုဖ်ဘတ်စ်ဒါရိုက်တာ

‌ဇူလိုင် ၁၀

 

ချယ်ဆီးလ်တို့ရဲ့ အဓိကပစ်မှတ်ဟာ အထောင်တိုက်စစ်မှူးတစ်ဦးနဲ့ ကွင်း လယ်လူတစ်ဦး ခေါ်ယူဖို့ပဲ ဖြစ်ပါ တယ်။ ချဲလ်ဆီးရဲ့စောင့်ကြည့်စာရင်းထဲကအာလင်းဟာလန်းဟာ ထိပ်ဆုံးမှာရှိနေပေမယ့်တောင်းထားတဲ့စျေးများလွန်းနေတာကြောင့် အရန်ထားထားတဲ့စာရင်း ထဲကတိုက်စစ်မှူးတွေနဲ့လည်း ချိတ် ဆက်သွားဖိုရှိနေပါတယ်။ Football London သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီး နဲ့စပါးစ်တို့ဟာ အရပ် ၆ပေ ၆ လက်မအမြင့်ရှိသူ အသက် ၂၈ နှစ် အရွယ် ဝုဖ်ဘတ်စ်ဂိုးသွင်း စက်ဝေါက် ဝက်ဂ်ဟော့စ်ကို လွန်ခဲ့တဲ့နှစ်တွေ ကတည်းက စောင့်ကြည့်နေခဲ့ကြောင်း သိရပါတယ်။ 


ဝေါက်ဝက်ဂ်ဟော့စ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ဟော်လန်ကလပ် အယ်ခမာအသင်းကနေ ဝုဖ်ဘတ်စ်သို့ ရောက်လာပြီး ရောက်ရောက်ချင်း ရာသီမှာ (၁၈)ဂိုး၊ ဒုတိယရာသီမှာ ၂၀ ဂိုးသွင်းယူနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ရာသီ မှာ တော့ ၂၅ ဂိုး သွင်းယူပြီး ၉ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။ ဝုဖ်ဘတ်စ်ဟာ ကစားသမားကို မရောင်းဘူးလို့ သတင်း လွှင့်ခဲ့ပေမယ့် အသင်းရဲ့ မန်နေဂျင်း ဒါရိုက်တာက စိတ်ကျေနပ်စရာ ကမ်းလှမ်းချက်သာ လက်ခံရရှိခဲ့ပါက ဘာမဆို ဖြစ်သွားနိုင်ကြောင်းနဲ့ “ဝက်ဂ် ဟော့စ်အတွက်  စိတ်ကျေနပ်စရာ သဘောတူညီချက်တစ်ခု နှစ်သင်းကြား ရရှိခဲ့ရင်အခြေအနေတွေကပြောင်းလဲ သွားနိုင်ပါတယ်”ဟူ၍ Kicker မဂ္ဂဇင်းက သတင်းလွှင့်လိုက်ပါတယ်။ဝုဖ်ဘတ်စ် အသင်းက ကစားသမားကို ပေါင် ၂၇ သန်းသတ်မှတ်ထားကြောင်း သိရပါ တယ်။                


    (SO)






အခြားဆက်စပ်သတင်းများ