နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ်တွင် မီးလောင်မှု၊ Level 2 ယာဉ်အုပ်စုဖြင့် ငြှိမ်းသတ်ခဲ့ရ

ရန်ကုန်၊  ဇူလိုင် ၈


ရန်ကုန်တိုင်းဒေသကြီး၊ပုဇွန်တောင်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား အလယ်ဘလောက်တွင် ဇူလိုင် ၇ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနမှ ထုတ်ပြန်သည်။


အဆိုပါ မီးလောင်မှုမှာ ပုဇွန် တောင်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ အနော်ရထာလမ်းနှင့် မဟာဗန္ဓုလ လမ်းကြား၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြားရှိ ဂိုဒေါင်တစ်ခုတွင် ဝါယာရှော့ ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်း၊  အဆိုပါဂိုဒေါင်အတွင်း လူများ ပိတ်မိနေကြောင်း အဆိုပါ ရပ်ကွက် နေသူများထံမှသိရသည်။ ညနေ ၃ နာရီ ၂၀ မိနစ်တွင် Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွှန့်)

ဓာတ်ပုံ    -    CJ






အခြားဆက်စပ်သတင်းများ