နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံဘွဲ့ကာကွယ်ဖို့ မာရာကာနာမှာ ဘရာဇီးလ် စောင့်နေပြီ

‌ဇူလိုင် ၈


ကိုပါအမေရိက လက်ရှိချန်ပီယံဘရာဇီးလ်ဟာ ဆီမီးဖိုင်နယ်မှာ လူးကပ်စ်ပါကွီတာရဲ့ သွင်းဂိုးနဲ့ပီရူးကို ၁-၀ ရလဒ်နဲ့အနိုင်ယူပြီး ဗိုလ်လုပွဲကိုရောက်ခဲ့ပါတယ်။ လူးကပ်စ်ပါကွီတာဟာချီလီနဲ့ကွာတားပွဲစဉ်တုန်းကလည်း တစ်လုံးတည်းသောအနိုင်ဂိုး သွင်းပေးခဲ့တဲ့သူရဲကောင်းဖြစ်ခဲ့သူပါ။ ဘရာဇီးလ်ဟာအာဂျင်တီးနားအသင်းနဲ့မာရာကာနာကွင်းကြီးမှာဗိုလ်လုပွဲနွှဲရမှာဖြစ်ပါတယ်။ 


အိမ်ရှင်ဖြစ်သလို လက်ရှိ ချန်ပီယံလည်းဖြစ်တဲ့ ဘရာဇီးလ်ဟာ ဆမ်ဘာမြေမှာကျင်းပတဲ့ကိုပါ အမေရိကပြိုင်ပွဲတိုင်းမှာ ချန်ပီယံဖြစ်ခဲ့တာပါ။ ပထမပိုင်းမိနစ် ၂၀ အတွင်းမှာနေမာနဲ့ရစ်ချာလီဆန်တို့ရဲ့ အပိုင်ကန်သွင်းမှုကိုပီရူး ဂိုးသမားဂေါလက်ဆီနှစ်ကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၃၅ မိနစ်အရောက်မှာ ဘယ်တောင်ပံကနေ ပီရူးကစားသမား သုံးယောက် ကိုကျော်ဖြတ်ပြီး နေမာဖန်တီးပေးတာကို ပါကွီတာက မြေမကျကန် သွင်းခဲ့တာပါ။“သိပ်ကိုခက်ခဲခဲ့တဲ့ပွဲပါ။ သူတို့ဟာသိပ်ပြီးတောင့်တင်း တဲ့အသင်းပါ။ ဒါပေမဲ့ဒီအခက်အခဲတွေကို ကျွန်တော်တို့ဖြေရှင်း နိုင်ခဲ့ပါတယ်”လို့ ပါကွီတာကပွဲအပြီးမှာဖွင့်ဟခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ နေမာကလည်း“ပါကွီတာ ကထူးချွန်သူတစ်ယောက်ပါ။ ပွဲတိုင်းကောင်းနေတယ်။ ကလပ်နဲ့ အကောင်းဆုံးရာသီတစ်ခု ပိုင်ဆိုင်နိုင်ခဲ့သလို ဒီမှာလည်း ဘရာဇီးလ် အတွက် အရေးအပါဆုံး တစ်ယောက်ဖြစ်နိုင်တယ်ဆိုတာ သက်သေ ပြနေပါတယ် ” လို့ ချီးကျူးသွားခဲ့ပါတယ်။ ပီရူးဟာ ဘရာဇီးလ် အသင်းရဲ့ ၁၃ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး။                                                        

 (SO)






အခြားဆက်စပ်သတင်းများ