နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကားသူခိုးကို ဒေါသတကြီးဆုံးမခဲ့လို့ တရားပြန်ဆွဲခံရတဲ့ အယ်ရှာရာဝီ

‌ဇူလိုင် ၈


ကိုယ်အမြတ်တနိုးတန်ဖိုးထားတဲ့ပစ္စည်းကို ခိုးယူဖို့ကြိုးစားတဲ့သူခိုးကိုမှတ်လောက်အောင်ဆုံးမချင်ကြမှာပါ။ ဆုံးမတယ်ဆိုရာမှာ ဒေါသကိုမထိန်းချုပ်နိုင်ရင် ခြေလွန်လက်လွန်ဖြစ်ကာ တရား တဘောင် ရင်ဆိုင်ရနိုင်တဲ့ အနေအထားအထိ ဆိုက်ရောက်သွားနိုင်တာမျိုး ရှိပါတယ်။ သာဓကပြရရင် ရိုးမားတောင်ပံကစားသမား အယ်ရှာရာ ဝီဟာ သူအရမ်းနှစ်သက်တဲ့ပြိုင်ကားနဲ့ အီတလီအသင်းဖော်ဟောင်း ဆာဆီရဲ့အိမ်ကို အလည်အပတ်သွားရောက်ခဲ့ပြီး နှစ်ယောက်သားတီဗီဂိမ်းကစားခဲ့ကြပါတယ်။ ဒီအချိန်မှာ သူခိုးတစ်ယောက်က ခြံထဲဝင်လာပြီး အယ်ရှာရာဝီရဲ့လမ်ဘော်ဂီနီပြိုင်ကားကို ခိုးယူဖို့ ကြိုးစားနေတာမြင်တွေ့ခဲ့ရတော့ အယ်ရှာရာဝီဟာ ဒေါသတကြီး ပြေးထွက်သွားပြီး ဆာဂါဒီယာဆိုတဲ့ သူခိုးကိုမြေကြီးပေါ်လဲကျသွား အောင်ရိုက်နှက်ခဲ့ပါတယ်။ အီတလီမီဒီယာတွေက တရားခံ ရှေ့ နေရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး အသက်၂၈ နှစ်အရွယ် အယ်ရှာရာဝီဟာ သူခိုးဆာဂါဒီယာကို ဒဏ်ရာ ပြင်းပြင်း ထန်ထန်ရတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ လည်း မျက်မြင်သက်သေနှစ်ယောက် ကတော့ ဆာဂါဒီယာဟာ ကိုယ့်မျက်နှာကိုယ် ကိုယ်တိုင်ပြန်ထိုးခဲ့တာ သာဖြစ်တယ်လို့ထွက်ဆိုပါတယ်။ အဲဒီနောက်သူခိုးဆာဂါဒီယာဟာ ဒီပြစ်မှု ကြောင့် ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံရပြီး အယ်ရှာရာဝီကိုလည်း အစိုးရရှေ့နေ ကာလိုဗီလာနီဆိုသူက တရားပြန်စွဲတာ ခံရပါ တယ်။ အီတလီအသင်းအတွက် ၂၉ ပွဲကစားထားတဲ့ အယ်ရှာရာဝီဟာ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာမှာ ၂ နှစ်ကစားပြီးမှ အသင်းဟောင်း ရိုးမားကိုပြန် ပြောင်းလာသူဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ