နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုပါ၂၀၂၀ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုတိုက်ပွဲကတော့အရှိန်မြင့်တက်လာပါပြီ‌

ဇူလိုင် ၇


လက်ရှိကစားဖို့  ကျန်တဲ့ ၄ သင်း ထဲမှာမပါတော့တဲ့ ပေါ်တူဂီ တိုက်စစ်မှူး  ရော်နယ်ဒိုနဲ့ချက်တိုက်စစ်မှူး ရှရစ်က ပူးတွဲ ၅ ဂိုးစီ နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမဲ့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်း အရ ရော်နယ်ဒိုက ဂိုးဖန်တီးမှု ပိုသာတဲ့ အတွက် ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဆီမီး ဖိုင်နယ်ရောက်  အသင်းတွေမှာတော့ အင်္ဂလန်အသင်းက ဟာရီကိန်း နဲ့စတား လင်းတို့က ၃ ဂိုးစီရထားသလို ဒိန်းမတ် အသင်းတိုက်စစ်မှူးဒေါ့ဘတ်ကလည်း ၃ ဂိုးသွင်းယူထားပြီး ကပ်လိုက်နေပါတယ်။အီတလီအသင်းကလိုကာ တယ်လီ၊  အင်ဆစ်ဂနီ၊ အီမိုဘိုင်းတို့ က ၂ ဂိုးစီသွင်းယူပေးထားတာကြောင့် ဒီဆုအတွက် ဖြစ်နိုင်ခြေနည်းနေပါ တယ်။ စပိန်ကလည်း အလားတူပဲ ဆာရာဘီးယား၊ တော်ရက်စ်၊  မိုရာတာ တို့က ၂ ဂိုးစီသွင်း ယူပေးထားတာ ကြောင့်  ကျော်ဖြတ်ဖို့ခက်ပါတယ်။ 


လက်ရှိကျန်နေတဲ့ ၃ သင်းက တစ်ဦး တည်းကို ဂိုးရဖို့ မှီခိုနေတဲ့ အသင်းတွေ မဟုတ်လို့  ဒီဆုရဖို့ခက်ခဲနိုင်ပေမယ့် အင်္ဂလန်အသင်းကတော့ ဟာရီကိန်းကိုမျှော်လင့်နိုင်ပါသေးတယ်။ ဆီမီးမှာ ဂိုးရနိုင်သေးသလို ပင်နယ် တီကန်ခွင့်ရထားတဲ့သူလည်းဖြစ်တာကြောင့် လိုအပ် နေတဲ့ဂိုးတွေရသွားမလားဆိုတာတော့စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ