နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်း ခံစစ်ကစားသမား မန်ဒီကို အင်တာမီလန်အသင်း ကမ်းလှမ်းမည်‌

ဇူလိုင် ၇


မန်စီးတီးအသင်းနှင့် အနာဂတ်မသေချာဖြစ်နေသည့် ခံစစ်ကစားသမား မန်ဒီကို အင်တာမီလန်အသင်းက ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။


အင်တာမီလန်အသင်းသည် အသင်းမှ ထွက်ခွာမည်ဟု ပြောကြားထားသည့် ဟာကာမီ၏နေရာတွင် အစားထိုးရေးအတွက် မန်ဒီကို ခေါ်ယူလိုနေခြင်းဖြစ်သည်။


အသက် ၂၆ နှစ်အရွယ်ရှိ မန်ဒီသည် ၂၀၁၉ ခုနှစ်က မိုနာကိုအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အစောပိုင်းနှစ်များက အသင်း တွင်အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်း နှစ်များတွင် ဒဏ်ရာပြဿနာများကြောင့် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ကာ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း အသင်းနှင့် ၁၃ ပွဲသာပါဝင်ခွင့်ရရှိခဲ့သည်။

လာမည့် အပြောင်းအရွှေ့ကာလတွင် ကစားသမား အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေသည့် မန်စီးတီးအသင်းသည် မန်ဒီကို ရောင်းချမည်ဖြစ်သဖြင့် အင်တာ မီလန်အသင်း ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။        

(သူရိန်)






အခြားဆက်စပ်သတင်းများ